Print

ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းခြင်း

  28-Feb-2017
Preview Image

၁။ ကိုယ်ဝန်၏ပထမ ၃လ

- သားအိမ်တွင် သန္ဓေတည်ချိန် - ကိုယ်ဝန်ရပြီး ပထမ ၁ဝရက်မှ ၁၄ရက်အတွင်း
- သားအိမ်လည်တံ ရောင်ခြင်း
- သားအိမ်လည်တံတွင် အဖု (သို့) အသားပိုဖြစ်နေခြင်း
- သားအိမ်ကင်ဆာ
- နေရာလွဲမှား သန္ဓေတည်ခြင်း (Ectopic pregnancy)
- စပျစ်သီးသန္ဓေတည်ခြင်း (Molar pregnancy)
- ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)

 

၂။ ကိုယ်ဝန်၏ဒုတိယ ၃လနှင့် တတိယ၃လ

- သားအိမ်တွင်း သန္ဓေသားသေဆုံးခြင်း (Intrauterine fetal death)
- အချင်းကွာခြင်း (Placental abruption)
- အချင်းသည် သားအိမ်အဝနားရောက်နေခြင်း (Placenta Previa)
- သားအိမ်လည်တံ ယောင်ခြင်း
- သားအိမ်လည်တံ (သို့) မွေးလမ်းကြောင်းတွင် ဒဏ်ရာရခြင်း
- သားအိမ်ကင်ဆာ
- သားအိမ်ခေါင်း မလုံခြင်း - လမစေ့ပဲ ကလေးစောမွေးနိုင်သည်
- လမစေ့ပဲ ကလေးစောမွေးလိုခြင်း - သွေးဆင်းခြင်းအပြင် ဆီးစပ်ကိုက်ခြင်း၊ ခါးနာခြင်း တို့နှင့် တွဲနိုင်သည် 
- သားအိမ်ကွဲခြင်း - ဗိုက်ခွဲ၍ ကလေးမွေးဖူးသူတွင် ပိုဖြစ်နိုင်သည်

 

* ကိုယ်ဝန်လရင့်ချိန်တွင် သွေးအနည်းငယ်နှင့် ချွဲများဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ခါးနာခြင်းများသည် ကလေးမီးဖွားလိုခြင်းဖြစ်နိုင်သည်။ 

 

ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းသည် စိုးရိမ်ရသည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်သည်။ 
- သွေးဆင်းနေချိန်တွင် အမျိုးသမီးသုံးပစ္စည်းကို အသုံးပြုပါ။ သို့မှသာ သွေးဆင်းသည့်ပမာဏကို သိမှာဖြစ်သည်။
- မွေးလမ်းကြောင်းထဲ ထည့်ပြီးသုံးရသော အမျိုးသမီးသုံးပစ္စည်း (Tampon)ကို အသုံးမပြုရပါ။
- သွေးဆင်းနေချိန်တွင် အမျိုးသားနှင့်တူတူနေခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။


Credit :
Dr.Jink



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18