Print

နေရာလွဲမှားသန္ဓေသားပြဿ နာ

  28-Feb-2017
Preview Image

၁။ နေရာလွဲမှားသန္ဓေသား ဆိုတာဘာလဲ။ဒီမေးခွန်းကို ကျေးဇူးပြု ပြီး ဖြေကြားပေးစေချင်တယ် ဆရာ။

- ပုံမှန်အတိုင်းဆိုရင် အမျိုးသားရဲ့သုက်ပိုးနဲ့ အမျိုးသမီးရဲ့ မျိုးစေ့တို့ သန္ဓေအောင်မြင်တဲ့အခါ သန္ဓေသားဟာ သားအိမ်လိုဏ်ခေါင်းထဲမှာ တွယ်ကပ်တည်ရှိတာမဟုတ်ဘဲ ကိုယ်တွင်းအခြားနေရာမှာ သွားရောက်တွယ်ကပ်ပြီး တည်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး သန္ဓေသားကို နေရာလွဲမှား သန္ဓေသားလို့ ခေါ်ပါတယ်။ ဆေးပညာအခေါ်အားဖြင့် (Ectopic Pregnancy) လို့ ခေါ်တာပေါ့။

 

၂။ သန္ဓေသားနေရာလွဲပြီး သန္ဓေတည်တဲ့အခါ ဘယ်နေရာတွေမှာ အများဆုံးဖြစ်တာ တွေ့ရပါသလဲဆရာ။ 

- သားဥပြွန် (ဘယ်နဲ့ညာ) နှစ်ဖက်စလုံးမှာ အဖြစ်အများဆုံးပါပဲ။

 

၃။ နေရာလွဲမှား သန္ဓေသားကိစ္စဟာ ဘာကြောင့်အရေးကြီးပါသလဲ။

- အချိန်နောက်ကျရင် အသက်သေနိုင်တယ်။ အရေးပေါ် ခွဲစိတ်ကုသပေးဖို့ လိုအပ်သလို၊သွေးပုလင်းပေါင်းများစွာ ဖြည့်သွင်းပေးဖို့လည်း လိုအပ်ပါတယ်။

 

၄။ အိမ်ထောင်ရှင်တစ်ဦးမှာ (Ectopic Pregnancy) ဖြစ်ပြီဆိုပါတော့ ဆရာ။ သူ့အနေနဲ့ ဘယ်လိုလက္ခဏာတွေ တွေ့ကြုံခံစားရနိုင်သလဲ။

- (Ectopic Pregnancy) ကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြားထားတယ်။ ပထမအမျိုးအစားမှာ သားဥပြွန်ဟာ ပေါက်ကွဲမသွားဘဲ သဘာဝအပေါက်ကနေပြီးတော့ တဖြည်းဖြည်း သွေးယိုစိမ့်လာတယ်။ သူ့မှာ သွေးဆုံးရှုံးမှုက ဗြုန်းစားကြီး တစ်အားဖြစ်မသွားတော့ သွေးပေါင်ကျတာတို့၊ သွေးလန့်တာ (Shock) ဖြစ်တာတို့ သိပ်ဖြစ်လေ့မရှိဘူး။ ဝမ်းဗိုက်ကနည်းနည်း လေးတော့ အောင့်တယ်။ ဒါပေမဲ့လို့ သိသိသာသာကြီး ဖောင်းတင်းလာလေ့မရှိပါဘူး။ ဒီအခြေအနေမှာ ပိုးဝင်နိုင်တာကြောင့် အဖျားနည်းနည်း ရှိနိုင်ပါတယ်။ သွေးခုန်နှုန်းကလည်း မြန်နေတတ်ပါတယ်။ 

 

၅။ ဒုတိယအမျိုးအစား မှာတော့ သားဥပြွန်ဟာ ပေါက်ကွဲသွားတယ်။ ရောဂါလက္ခဏာတွေ အချိန်တိုတိုရုတ်ခြည်းဆိုသလို ပေါ်လာနိုင်တာပေါ့။ဘယ်လိုလက္ခဏာတွေ ပေါ်လာမလဲ။ 
- ဝမ်းဗိုက်အောက်ပိုင်း ဘယ်ဘက် (သို့) ညာဘက်နဲ့ ဆီးစပ်မှာ တအားနာတယ်။ ဝမ်းဗိုက်ဟာ တင်းဖောင်းလာပြီး မခံနိုင်လောက်အောင် ဖြစ်တယ်။ အသက်ရှူလို့မဝဘူး။ ပခုံးထိပ်ဖျား နာကျင်တယ်။ လူနာဟာ ပက်လက်လှဲပြီး မအိပ်နိုင်တော့ဘူး။ သူ့မှာကျတော့ သွေးဆုံးရှုံးမှုက သိပ်သိသာတယ်။ အချိန်တိုအတွင်းမှာ သွေးဆုံးရှုံးမှုများတယ်။

 

ဒီတော့အသားအရေ ဖျော့တော့လာမယ်။ ဖြူဖပ်ဖြူရော်ဖြစ်လာမယ်။ သွေးပေါင်တိုင်းကြည့်ရင် သွေးပေါင်ကျလာမယ်။ ဆိုးရင် သွေးလန့်ခြင်း (Shock) ရတဲ့အထိ ဖြစ်လေ့ရှိတယ်။ ပထမအမျိုးအစားမှာ ပဲဖြစ်ဖြစ် အမျိုးအစားနှစ်ခုလုံးမှာ ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေလည်းရှိပါတယ်။

 

(က) သွေးထိမ်ခြင်း၊ သွေးထိမ်ရက်ဟာ တိုလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှသာ တစ်ပတ်၊ နှစ်ပတ်လောက် ရက်ကျော်တတ်ပါတယ်။

(ခ) ဝမ်းဗိုက်အောက်ပိုင်းနှင့် ဘယ်ညာတစ်ဖက်ဖက်မှာနာခြင်း၊ အောင်ြ့ခင်း။

(ဂ) သွေးအနည်းငယ် ဆင်းခြင်း၊ သွေးရောင်ဟာ ညိုပုပ်ပုပ် အရောင်ရှိတယ်။ သားပျက်သားလျှော ဖြစ်သလို၊ သွေးအဆင်း သိပ်အများကြီး မဟုတ်ပါဘူး။

 

၆။ (Ectopic Pregnancy) ဖြစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိရှိနိုင်ပါသလဲ ဆရာ။

- ရောဂါရာဇဝင်အရေးကြီးပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်များ စမ်းသပ်ကြည့်ရင်လည်း နေရာလွဲမှား သန္ဓေသားဟုတ်မဟုတ် တော်တော်လေး ခွဲခြားပြောလို့ရပါတယ်။ (Ectopic Pregnancy) မှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ပြီး ကိုယ်ဝန်ရှိတာကို အတည်ပြုပေးပါတယ်။ (Ultrasound) လို့ခေါ်တဲ့ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ကြည့်ရင်လည်း နေရာလွဲမှား သန္ဓေသား ဟုတ်မဟုတ် ပြောလို့ရလေ့ ရှိပါတယ်။ ဒီထက်ပိုသေချာတဲ့ အဖြေကိုတော့ အတွင်းမှာ စမ်းသပ်တဲ့ တယ်လီဗေးရှင်း ဓာတ်မှန်ကမှ ပေးနိုင်ပါတယ်။

 

၇။ (Ectopic Pregnancy) တစ်ခါဖြစ်ပြီးလို့ရှိရင် နောက်ပိုင်းမှ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ တစ်ခါဖြစ်ပြီး ပုံမှန်ကိုယ်ဝန်ရနိုင်၊မရနိုင် ဆိုတာကို ဖြေကြားပေးစေချင်ပါတယ် ဆရာ။

- (Ectopic Pregnancy) ဖြစ်တဲ့အခါ အရေးပေါ်ခွဲစိတ်ရတတ်ပါတယ်။ ဘယ်ဘက် သားဥပြွန်မှာ သန္ဓေသားတည်တာဆိုရင် ဖြစ်တဲ့ဘက်ကို ခွဲစိတ်ရပါတယ်။ မခွဲစိတ်ရဘဲ ကျန်နေတဲ့ သားဥပြွန်ဟာ အကောင်းအတိုင်းရှိနေမယ်ဆိုရင် နောက်ထပ်ကိုယ်ဝန်ဆောင်တဲ့အခါ ပုံမှန်ကိုယ်ဝန်များ ရနိုင်ပါတယ်။

 

၈။ ဒီပြဿဘ နာဟာ သားဥပြွန်တစ်ဘက်မှာ ဖြစ်ခဲ့လို့ရှိရင် ကျန်တဲ့နောက် တစ်ဘက်မှာရော ဒီပြဿ နာ ဖြစ်နိုင်ပါသလားဆရာ။

- ပါရဂူများက ဒီလိုတော့ အကြံပြုလေ့မရှိပါဘူး။ ဒီအမျိုးသမီးက အရင်တစ်ကြိမ် ပြဿ နာ ဖြစ်ခဲ့ဖူးတယ်ဆိုရင် ပိုဂရုစိုက်ရမှာပေါ့။ ကိုယ်ဝန်စရှိပြီဆိုကတည်းက ဗိုက်အပ်ပြီး စမ်းသပ်စစ်ဆေးတာတွေ လုပ်ထားသင့်ပါတယ်။

 

၉။ နေရာလွဲမှား သန္ဓေသားပြဿ နာ ကြောင့်ဖြစ်ရတာလဲဆရာ။

- ဒီပြဿ နာ အိမ်ထောင်သားမွေးပြုနိုင်တဲ့ အရွယ်ရှိအမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တာပါပဲ။ ဖြစ်ရတဲ့အကြောင်းက အများကြီးရှိပါတယ်။ ဒါတွေအနက် အရေးကြီးတဲ့ အခြေအနေတချို့ကို ထုတ်ပြီးပြောရမယ်ဆိုရင်
(က) မွေးရာပါ သားဥပြွန်ကျဉ်းခြင်း။
(ခ) ကလေးတစ်ဦးစ၊ နှစ်ဦးစမွေးပြီး ကာကွယ်မှုမပြုဘဲ ကြာမြင့်စွာကိုယ်ဝန်ခြားနေခြင်း။
(ဂ) မွေးဖွားပြီး (သိို့) သားပျက်ပြီး ပိုးဝင်အဖျားတက်ခြင်း။
(ဃ) လက်သည်နှင့် သွေးခွဲခြင်း။
(င) သားဥပြွန်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း။
(စ) လိင်ဆက်ဆံရာမှ ရနိုင်တဲ့ ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးပြီးတော့ ဒီရောဂါကို ထိထိရောက်ရောက် မကုသခဲ့ခြင်း အစရှိတာတွေ ဖြစ်ပါတယ်။

 

၁၀။ သားအိမ်ထည့်ပစ္စည်း (IUCD) သုံးသူတွေမှာ မသုံးသူတွေထက် နေရာလွဲမှား သန္ဓေသားပြဿ နာ ပိုကြုံရတယ်ဆိုတာ မှန်ပါသလားဆရာ။

- မမှန်ပါဘူး။ သုတေသန တွေ့ရှိချက်များအရ ပြောရရင် (IUCD) သုံးတဲ့ အမျိုးသမီးများမှာ ဒီပြဿ နာ ဖြစ်မှုန်း ပိုမများပါဘူး။ နေရာလွဲမှား သန္ဓေသားပြဿ နာ အ တွက် ပြည်သူလူထုအနေနဲ့ အစောဆုံးပြသပြီး ကုသမှုကို အချိန်မီခံယူမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါတယ်ဆိုတာလည်း ကျွန်တော်အသိပေး ချင်ပါတယ်။


Credit:
ဒေါက်တာမြင့်မောင်မောင်
သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး
Health for all magazine, October 2015, Pg. 45


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18