Print

ကိုးလလွယ်ဆယ်လဖွား

  28-Feb-2017
Preview Image

သားသမီးမွေးဖွားခြင်းနှင့် ပတ်သက်၍ ကိုးလလွယ် ဆယ်လဖွားဟူ၍ မြန်မာတို့ သုံးနှုန်းပြောဆိုလေ့ရှိကြသည်။ ဆေးပညာသဘောအရ ကြည့်လျှင် အမျိုးသမီးကိုယ်ဝန်ဆောင်သည့်ရက်မှာ မီးယပ်သွေး နောက်ဆုံးပေါ်ခဲ့ခြင်း၏ ပထမနေ့မှစ၍ ရေတွက်သော်ရက်ပေါင်း ၂၈၀ ကြာမြင့်ပါသည်။ အင်္ဂလိပ်ပြက္ခဒိန်လ ၉ လ နှင့် ၇ ရက်ကြာပါသည်။ မြန်မာလ၊ မြန်မာရက်နှင့် တွက်လျှင် (၁၀) လတွင်း ရောက်ပါသည်။ ၁၀ လကြာမှ သို့မဟုတ် ၁၀ အတွင်းရောက်မှ မွေးဖွားလေ့ရှိပါသည်။

 

တချို့ဒေသများ အထူးသဖြင့် ကျေးလက်သေသများတွင် ကလေးမွေးဖွားရာ၌ ၇ လ နှင့် မွေးလျှင် အသက်ရှင်သည်။ ရှစ်လအတွင်း မွေးလျှင် ကလေးသေတတ်သည်ဟူသော ရှိနေတတ်ကြသည်။ ကလေးငယ် အဖို့ ရက်ပတ် ၃၇ ပတ် ထက်စောမွေးလျှင် လမစေ့မွေးဖွားခြင်းဟု သတ်မှတ်ပါသည်။

 

လမစေ့မီမွေးဖွားသော (အချိန်မစေ့မီမွေးဖွားသော) ကလေးများအဖို့သေဆုံးမှုမှာ သာမန်ကလေးထက် များပါသည်။ ယနေ့အချိန်တွင် ဆေးပညာ၏ တိုးတက်မှုများကြောင့် လမစေ့မီ မွေးဖွားသော ကလေးသေဆုံးမှုနှုန်းမှာ လျော့နည်းကျဆင်းလာခဲ့ပြီဖြစ်သည်။ ၇ လနှင့်လမစေ့မည်ဖြစ်သဖြင့် ဖော်ပြပါယူဆချက်မှာ မှားယွင်းကြောင်း သိစေချင်ပါသည်။

 

• ကိုယ်ဝန်ရှစ်လနှင့် မွေးဖွားပါကလည်း အသက်ရှင်နိုင်ပါသည်။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မ)
ကျန်းမာရေးပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18