Print

ကိုယ်ဝန်ဆောင်မေမေ လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေသတိထားရမလဲ။

  28-Feb-2017
Preview Image

၁။ ယနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ 

သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပထမ ၃ လအတွင်း ကိုယ်ဝန်ပျက်တာ နဲနဲပိုများတာကလွဲရင် မထူးတာ တွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာနာရီတွေ အများကြီး (၁ လမှာ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေ ဖြစ်နေတယ်။

 

၂။ သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။

• ကိုယ်ဝန် ၃၆ ပါတ်ကျော်ရင် Airlines အတော်များများက လက်မခံတတ်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွားရင် သူတို့ အလုပ်ရှုပ်မှာ စိုးလို့သာပါ။
• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်း သွားတာ ဘာမှမဖြစ်ပါ။
• သက်တောင့်သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ ဥပမာ - နေရာထိုင်ခင်း ကျယ်ဝန်းသည့် ခုံနေရာမျိုး
• လေယာဉ်ပေါ်သွားလမ်းမှာ လမ်းလျှောက်ပါ၊ ရေ-အရည်များများ သောက်ပါ။ သွားရည်စာ စားပါ။ ခြေ-လက် မကြာမကြာ ဆန့်ပါ။
• Immunization ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကို သွားတာ ရှောင်ပါ။
• ကိုယ်ဝန်ဆောင်-မှတ်တမ်းကို လက်တကမ်းမှာ ဆောင်ထားပါ။
• ဘာတွေဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ 
အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ်ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ၊
• အဝတ်အစားရွေး ဝတ်သွားပါ။ အေးအေးလူလူနှင့် ချောင်ချောင်ချိချိဖြစ်မည့် အဝတ်ကိုရွေးဝတ်ပါ။

 

၃။ လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာ မတူကြပါ။

• British Airways : ကိုယ်ဝန် ၃၆ ပါတ်ကျော်သူတွေကို ကန့်သတ်မှု လုပ်ထားတယ်။
• American Airlines : မမွေးခင် ၄ ပါတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာ မရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုပါတယ်။) 
ရေပြင်ကို အကြာကြီး ဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တစ်လအတွင်း ခရီးမသွားဖို ့ အကြံပြုတယ်။ 
• Southwest Airlines : ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် ဆရာဝန် တစ်ဦးဦးဆီက အကြံဉာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှ ပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီးခြင်း မပြုလျှင် ပိုပြီးကောင်းပါတယ်။
• Delta Airlines : အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ ဆရာဝန်ရဲ့ 
ခွင့်ပြုချက်ရဖို့ လိုပါတယ်။


Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၁ 
Credit - Public Health in Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18