Print

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်စဉ် အရေးပါသောဟော်မုန်းပြောင်းလဲချက်များကြောင့် ကာဗိုဟိုက်ဒရိတ် ဇီဝတွင်းဖြစ်ပျက်မှုကို ထိခိုက်စေသည်။ အထူးသဖြင့် လူ၏အချင်းမှာ လင်တိုဂျင်နှင့် ကောတီဆုန်း တိုးပွားလာသည်။ နှစ်ခုစလုံးမှာ အင်ဆူလင်ကို ဆန့်ကျင် သည်။ အင်ဆူလင်ကို ဆန့်ကျင်လာမှုသည် မိခင်၌ တိုးတက်ဖြစ်ပွားလာသည်။ ယင်းပြောင်းလဲချက်များကို စေ့စပ်ညှိနှိုင်းရန် ပုံမှန် ကိုယ်ဝန်ဆောင်တွင် မိခင်၏ ပန်ကရိယက အင်ဆူလင်စိမ့်ထွက်မှု တိုးတက်ဖြစ်စဉ် ဖြစ်ခြင်းဖြင့် ကာဗိုဟိုက်ဒရိတ် ဇီဝတွင်းဖြစ်ပျက်မှုကို ဆက်လက်တည်တ့ံမှု ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်စေသော ရလဒ်များမှာ အစာငတ်ခံပြီး သကြားဓာတ်အခြေအနေကို ကျဆင်းစေသည်။

 

နှိုင်းယှဉ်ချက်အရ ကာဗိုဟိုက်ဒရိတ် စိန်ခေါ်မူကြောင့် သကြားဓာတ်ကို ပုံမှန်ထက်မြင့်မားသည်။ လွယ်ကူစွာပျံ့နှံ့သော နည်းစနစ်အရ သကြားဓာတ်သည် အချင်းကိုဖြတ်ကျော်၍ မိခင်ရှိသကြား ဓာတ်နှင့် တညီတည်းဖြစ်စေရန် သန္ဓေသားသွေးအတွင်း နောက်က နီးကပ်စွာ လိုက်လာသည်။ အကယ်၍ မိခင်၏ သကြားဓာတ် နှင့် အဆင့်တူရန် ကောင်းစွာထိန်းချုပ်ထားနိုင်ခဲ့သော်လည်း သန္ဓေသား၏ သကြားဓာတ်မှာ ကျဉ်းမြောင်းသော ကန့်သတ်ချက်အရ ပုံမှန် ဆက်လက်တည်တ့ံနေမည်ဖြစ်သည်။

 

ကိုယ်ဝန်မဆောင်မီကတည်းက အင်ဆူလင်ကို မှီခိုအားထားနေရသော ဆီးချိုသွေးချိုရောဂါ ရှိနေခြင်း (သို့မဟုတ်) သကြားဓာတ်ကို ခံနိုင်ရည်စွမ်းအား နည်းခြင်းမှာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လာခြင်းကြောင့် ကိုယ်ဝန်ကို ရှုပ်ထွေးချက်များ ဖြစ်ပေါ်စေသည်။ ပျှမ်းမျှအားဖြင့် ၁-၂ ရာခိုင်နှုန်း သွေးချိုရောဂါ (GDM - Gestational Diabetes Mellitus) တိုးတက်ဖြစ်ပွားလာကြသည်။ ကျိန်းသေဖြစ်နိုင်သော အများစုတွင် ပါဝင်သည့် အမျိုးသမီးများသည် ယင်းတို့၏ သက်တမ်းတစ်ချိန်ချိန်တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားလာနိုင်ရာ ဆီးချိုသွေးချိုရော ဂါ ဖြစ်နိုင်ခြေရှိသူများအဖြစ် သတ်မှတ်ထားရန် အရေးကြီးပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

 

အဝလွန်ခြင်း (ခနွာကိုယ် အစိုင်အခဲဖော်ပြချက် ၃၀ [ BMI = 30] ) 
မိသားစုရာဇဝင်

ယခင်မွေးကင်းစကလေး ကိုယ်အလေးချိန်မှာ ၄ ဒသမ ၅ ကီလိုဂရမ်ထက်များခြင်း၊ ယခင်က အကြောင်းမပြနိုင်သော ကလေးအသေမွေးဖူးခြင်း၊ ယခင်က မွေးရာပါ ချို့ယွင်းချက်ပါသော ကလေးမွေးဖူးခြင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အောက်ပါအတိုင်း အဓိပါ္ပယ်ဖွင့်ဆိုသည်။
• အစာငတ်ထားပြီး သွေးအတွင်း သကြားဓာတ်စစ်ဆေးခြင်းမှာ ၇ ဒသမ ၅ မီလီမောလ် ထက်များခြင်း၊
• ဂလူးကို့စ် သကြားဓာတ် ၇၅ ဂရမ်သောက်ပြီး ၁-၂ နာရီအကြာ သွေးထဲသကြားဓာတ် စစ်ရာ၌ ၁၁ ဒသမ ၁ မီလီမောလ်ထက်များခြင်း

 

ကိုယ်ဝန်ဆောင်စဉ် သွေးထဲသကြားဓာတ်ကို ကောင်းစွာထိန်းချုပ်ထားခြင်းသည် အရေးကြီးလှပေသည်။ သွေးထဲရှိ သကြားဓာတ် အခြေအနေနှင့် သန္ဓေသားနှင့် မိခင်ရှုပ်ထွေးချက်များ ဖြစ်ပျက်ခြင်း၏ အတိုင်းအတာ ပမာဏမှာ တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း လက်ခံထားကြပေသည်။ ဆီးချိုသွေးချိုရောဂါရှင် အမျိုးသမီးများသည် ကိုယ်ဝန်မဆောင်မီ ယင်းတို့၏ ဆီးချိုသွေးချိုရောဂါကို အကောင်းဆုံးထိန်းချုပ်ထားခြင်းဖြင့် သားဖွားခြင်း ရှုပ်ထွေးချက်များဘေးအန္တရာယ်ကို လျော့နည်းသွားစေကြောင်း အာမခံချက်ရှိပါသည်။

 

Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, June 2016, Pg. 113


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18