Print

မီးတွင်းကာလတွင် ရှောင်ရမည့် အလေ့အကျင့်များ

  28-Feb-2017
Preview Image

(၁) မိခင်ကလေးအား ခွဲ၍ထားခြင်း၊ အဘယ်ကြောင့်ဆိုသော် သားဖွားမိခင်နှင့်ကလေး နှစ်ဦးစလုံးကို စောင့်ကြပ်ကြည့်ရှူရန် ပိုမိုခက်ခဲခြင်း၊ ကလေးမှနို့စို့ရန် အဆင်သင့်ဖြစ်သောအခါ မိခင်မှ နို့ချိုစတင် တိုက်ကျွေးရန်နှင့် ကလေးအား နွေးထွေးစွာထားရန် လိုအပ်ပါသည်။

 

(၂) မီးဖွားပြီးစ မိခင်အား Ergometrin ဆေးပြား ပုံမှန် တိုက်ကျွေးခြင်း မပြုလုပ်ရပါ။ ၎င်းတိုက်ကျွေးမှုသည် သားအိမ်ဝပ်ရန် အထောက်အကူ မပြုပါ။

 

(၃) ချက်ထဲသို့ ဆနွင်းသိပ်ခြင်း၊ အခြားအရာများထည့်ခြင်း (သို့မဟုတ်) ချက်ကိုပတ်တီးစည်းခြင်း၊ (သို့) ရစ်ပတ်ခြင်း မပြုလုပ်ရပါ။ ၎င်းအရာများ ချက်ထဲထည့်ခြင်းဖြင့် ချက်တိုင်မခြောက်တော့ပါ။ ချက်အတွင်း ရောဂါပိုး ဝင်ရောက်နိုင်သည့် အန္တရာယ်လည်းရှိပါတယ်။ ချက်အတွင်း ထည့်ထားသော အမှုန့်များကို သန့်သောရေနှင့် ဆပ်ပြာဖြင့် ဆေးကြောပြီး ပတ်တီးစည်းခြင်း၊ ရစ်ပတ်ခြင်းများ မပြုဘဲ လှပ်ထားရပါမည်။ ခြောက်သွေ့သော အနှီးဖြင့် ခပ်ချောင်ချောင် ဖုံးထားရပါမည်။ 

 

(၄) ပထမဦးဆုံး ထွက်သော နို့ကိုညှစ်ထုတ်ပစ်ခြင်း၊ (နို့ဦးရေကို ညှစ်ထုတ်ပစ်ခြင်း) မပြုလုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်သည် ၎င်းနို့ဦးရေကို လိုအပ်ပါသည်။ ၎င်းနို့ဦးရေတွင် ကလေးအား ရောဂါများမှ ကာကွယ်ပေးသော ပဋိဇီဝသိတ္တိဓာတ်နှင့် အသားဓာတ်များစွာ ပါဝင်ပါသည်။ မွေးပြီးပြီးချင်း ကလေးကိုမိခင်၏ နို့ကိုစို့စေခြင်းဖြင့် သားအိမ်ကို ဆက်လက်ကျံူ့စေရန် အထောက်အကူပြုပါသည်။

 

(၅) ၆ လအောက်ကလေးကို ရေ၊ သကြားနှင့် အခြားဖြည့်စွက်စာများ ကျွေးခြင်း မပြုလုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် မိခင်နှင့်ကလေးကို မိခင်နို့တိုက်ကျွေးရာတွင် အခက်အခဲ တွေ့စေပါသည်။ ကျန်းမာသော ကလေးတစ်ယောက်အနေဖြင့် မိခင်နို့မှလွဲ၍ အခြားအရည်နှင့် အစာများကို တိုက်ကျွေးရန် မလိုအပ်ပါ။

 

(၆) မွေးဖွားပြီးသော မိခင်မှ အစားအသောက် ရှောင်ခြင်း မပြုလုပ်ရပါ။ သားဖွားပြီးသော မိခင်အနေဖြင့် မိခင်နို့တိုက်ကျွေးနေစဉ် ကယ်လိုရီ ၁၀-၂၀ ပမာဏ ပိုမိုလိုအပ်ပါသည်။ မည်သည့် အစာ၊ အရည်ကိုမျှ ရှောင်ရန်မလိုပါ။

 

Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18