Print

ကိုယ်ဝန်ဆောင်များ လိုက်နာသင့်သော မွေးဖွားရလွယ်ကူစေရန် အချက်များ

  28-Feb-2017
Preview Image

ပုံမှန် အသက်ရှူ လေ့ကျင့်ပါ
အသက်ပုံမှန်ရှူတဲ့ လေ့ကျင့်မှုဟာ မွေးဖွားရလွယ်ကူစေပြီး သင့်အတွက် သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အဆာပြေစာကို နည်းနည်းနှင့် မကြာခဏဆိုသလို စားသောက်တာကြောင့် ကိုယ်ဝန်ဆောင်သည် တစ်ယောက်အတွက် စွမ်းအင်တွေ ပြည့်ဝစေနိုင်ပါတယ်။ ဒါပေမဲ့ အဆီများလွန်းတဲ့အစာ၊ ပူစပ်တဲ့အစာနှင့် အစာခြေဖို့ ခက်ခဲတဲ့ အစားအစာတွေကို ရှောင်ပါ။ ဗိုက်ကို ပြည့်တင်းနေအောင် စားတာကြောင့် အော့အန်တာမျိုး ဖြစ်စေပါတယ်။ အဆီများတဲ့ အစားအစာတွေကြောင့် ကလေးမွေးဖွားချိန်မျိုးမှာ သတိလစ်တာမျိုး ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ မွေးဖွားဖို့ အချိန်နီးလာပြီဆိုတာနဲ့ ရေသန့်နဲ့ အသီးဖျော်ရည်ကိုသာ သောက်ပါ။ တခြားဖျော်ရည်တွေ မသောက်ပါနဲ့။

 

Fit ဖြစ်အောင်နေပါ
ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်း၊ ရေကူးလေ့ကျင့် ခန်းနှင့် ကိုယ်ဝန်ဆောင်တွေ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။ ပုံမှန်လေ့ကျင့်ခန်း ရယူတာကြောင့် အဝလွန်တာ၊ မအီမသာဖြစ်တာ၊ သက်သောင့်သက်သာမရှိတာ၊ စိတ်ဖိစီးမှုု ဖြစ်တာနဲ့ စိတ်အားငယ်တာတွေကို သက်သာစေနိုင်ပါတယ်။ သားဦးကိုယ်ဝန်ဆောင်တွေအနေနဲ့ ကလေးမွေးဖွားချိန် နီးလာလေလေ၊ စိုးရိမ်စိတ်တွေက များလာလေလေ ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်နဲ့ နောက်ကျောနေရာတွေမှာလည်း တင်းကျပ်တဲ့ဝေဒနာကို ခံစားကြရတတ်ပါတယ်။ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ဖြစ်အောင်နေကာ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ ပေါ့ပါးမှုအရှိဆုံး အဝတ်အစားကို ဝတ်ဆင်ကာမွေးဖွားဖို့ အချိန်နီးလာပြီဆိုရင် အတွင်းခံတွေကို မဝတ်ပါနဲ့။ ပုံမှန်လမ်းလျှောက်ချိန်နဲ့ ရေချိုးချိန်တွေမှာ ခါးနေရာကို အထူးသတိထားပါ။

 

ခင်ပွန်းသည်၏ အကူအညီကိုယူပါ
ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ နေမှု၊ ထိုင်မှု နည်းလမး်တွေကို ကျွမ်းကျင်သူတွေဆီကနေ အမှန်ကန်ဆုံးသိထားဖို့လိုပါတယ်။ နားလည်တဲ့ဆရာဝန်တွေ ညွှန်ကြားတဲ့ နည်းလမ်းတွေကို သင့်ခင်ပွန်းကိုလည်း နားထောင်ပါစေ။ ဒါမှ သက်သောင့်သက်သာနှင့် မွေးဖွားရ လွယ်ကူစေမှာပါ။ နေထိုင်မှု ပုံစံမှန်ကန်တာကြောင့် ကလေးမွေးဖွားချိန်မှာ ၃၀ ရာခိုင်နှုန်းလောက်ထိ နာကျင်မှုကို သက်သာစေနိုင်ပါသည်။ 

 

ရေချိုးပါ
ကြွက်သားတွေ သက်သောင့်သက်သာဖြစ်တာကြောင့် သင့်ခနွာကိုယ်မှ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရေနွေးနဲ့ ရေစိမ်ချိုးတာထက် ရေနွေးနွေးကို နောက်ကျောကနေ လောင်းချိုးတာက သင့်ကိုပိုပြီး အကျိုးသက်ရောက်မှုရှိစေတယ်လို့ဆိုပါတယ်။ ကလေးမွေးဖွားခါနီး ရေချိုးတာကြောင့် ကလေးမွေးဖွားချိန်မှာ နာကျင်မှု သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

 

အလေ့အကျင့်ကောင်းများ၏ အကျိုးဆက်ကို နားလည်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ သင်ပြုလုပ်နေထိုင်ခဲ့ အပြုအမူကောင်းတွေကြောင့် မွေးဖွားချိန်မှာ သင့်ကို အကောင်းဆုံး အကျိုးပြုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တာ၊ တရားထိုင်တာတွေနဲ့ ယောဂလေ့ကျင့်ခန်းပြုလုပ်တာ၊ အာဟာရ ပြည့်ဝစွာ စားသောက်တာ၊ ရေအလုံအလောက်သောက်တာ ကလေးမွေးဖွားချိန်မှာ လွယ်ကူစေပါတယ်။ 

 

ရေစိမ်ပါ
ရေထဲမှာ အချိန်အနည်းငယ် စိမ်နေတာဟာ ကလေးအနေအထား မမှန်မှုကို မှန်ကန်သွားစေဖို့ အကူအညီပေးပါတယ်။ ဒါ့အပြင် ကလေးမွေးဖွားရလည်း လွယ်ကူစေတယ်လို့ ဆိုပါတယ်။ ကလေးမွေးဖွားရခက်ခဲတဲ့ မွေးလူနာတစ်ယောက်ဟာ ၁၀ မိနစ် လောက်ရေစိမ်ချိုးလိုက်ချိန်မှာ မွေးလမ်းကြောင်း အလွယ်တကူ ပွင့်လာပြီး ကလေးမွေးဖွားနိုင်ခဲ့ကြောင်း ကယ်လီဖိုးနီးယားမှ ဆရာဝန်တစ်ဦးက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

 

နှိပ်နယ်မှုကို ခံယူပါ 
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားရဲ့ ညင်သာစွာ နှိပ်နယ်ပေးမှုကို ခံယူတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ ကလေးမွေးဖွားချိန် နာကျင်မှုကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

 

လဲ မကျပါစေနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်တာ၊ ထတာနဲ့ သွားတာ၊ လာတာတွေမှာ သတိရှိဖို့လိုပါတယ်။ ဘေးမှာအဖော်တစ်ယောက် မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အထူးသတိထားဖို့လိုပါတယ်။ ရုတ်တရက် လှုပ်ရှားမှုပြုလုပ်တာကြောင့် မူးမိုက်ကာ ပစ်လဲသွားတတ်ပြီး သတိမေ့နေတတ်ပါတယ်။ အနားမှာ အကူအညီ မရှိဘဲ လဲနေချိန်ဆို သင့်အတွက် အန္တရာယ်ရှိနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။

 

Credit:
သဲသဲ
Arogyam magazine, June 2013, Pg. 137-140


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18