Print

အဆုတ်ထဲရေဝင်ခြင်း

  28-Feb-2017
Preview Image

 

ဆေးပညာတွင် အဆုတ်အဖုံးမြှေးနှစ်လွှာအကြား ရေဝင်နေခြင်းကို Pleural Effusion ဟုခေါ်ပါသည်။ ပြင်ပတွင် လွယ်လွယ်ကူကူ အဆုတ်ထဲရေဝင်သည်ဟု သုံးနှုန်းကြသည်။ အဆုတ်ထဲရေဝင်ခြင်းမှာ အဆုတ်ရောင်ရောဂါများ (ဥပမာ -တီဘီရောဂါ၊ ကင်ဆာရောဂါ)၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါစသည်ဖြင့် ရောဂါအမျိုးမျိုး၏ အကျိုးဆက်ကြောင့်ဖြစ်တတ်ပါသည်။ တချို့လူနာများမှာ အဆုတ်ရေဝင်ခြင်းနှင့် ပတ်သက်၍ ထူးထူးခြားခြား ယုံမှားရှိနေကြောင်းတွေ့ရသည်။ ဆရာဝန်က အဆုတ်ရေဝင်နေတယ်ဟု ပြောလိုက်လျှင် “ကျွန်တော်စပြီး နေမကောင်းကတည်းက ရေမချိုးတာ နှစ်လလောက်ရှိပြီး နေမကောင်းကတည်းက ရေမချိုးတာ နှစ်လလောက်ရှိပြီး အဆုတ်ထဲရေဝင်သွားရတာလဲ” ဟုပြန်လှန်မေးခွန်းထုတ်ကြသည်။

 

အဆုတ်ထဲရေဝင်သည်မှာ ရေချိုးခြင်း၊ ရေသောက်ခြင်း၊ စသည်တို့နှင့် ပတ်သက်မှုမရှိပါ။ အထက်တွင် ဖော်ပြသကဲ့သို့ ရောဂါတချို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ တချို့မှာ အဆုတ်ထဲရေဝင်နေတယ်ဟု ပြောသည့်နေမှစ၍ အကြောက်လွန်ကာ ရေလုံးဝမချိုးဘဲနေကြသည်။ ရေသောက်လျှင်လည်း အဆာပြေရုံ အနည်းငယ်သာ သောက်တတ်ကြသည်။ ဤမှားယွင်းစွာ ယုံကြည်မှုကို သိထားကြစေလိုပါသည်။ အဆုတ်ထဲ ရေဝင်ခြင်းနှင့် အလားတူ ယုံကြည်မှုမျိုးရှိတတ်ပါသေးသည်။ ယင်းမှာ ရေဖျဉ်းစွဲခြင်းနှင့် ပတ်သက်၍ဖြစ်သည်။ ဝမ်းဗိုက်အတွင်း ရေများစုလာခြင်းကို ရေဖျဉ်းစွဲသည်ဟု သုံးနှုန်းခေါ်ဆိုပါသည်။ 

 

ရေဖျဉ်းစွဲခြင်းမှာလည်း ဝမ်းဗိုက်အတွင်း အူနှင့် အူဖုံးမြှေးတို့၌ တီဘီရောဂါဖြစ်ခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်း၊ အသည်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ပရိုတင်းဓာတ်ချို့တဲ့ခြင်း စသည်တို့ကြောင့် ဖြစ်လေ့ရှိပါသည်။ ဤရေဖျဉ်းစွဲခြင်းကိုလည်း လွဲမှားစွာယူမှုများ ရှိနေပါသည်။ ဝမ်းဗိုက်အတွင်း ရေများမစုရန် ရေမသောက်ဘဲနေခြင်း၊ ရေအနည်းငယ်သာသောက်ခြင်း၊ အပြုအမူများ ပြုဆောင်တတ်ကြသည်။ ရေသောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်းမှာလည်း သက်ဆိုင်မှုရှိသည်မဟုတ်ပေ။

 

• အဆုတ်ထဲရေဝင်ခြင်းမှာ ရေချိုး၍ မဟုတ်ပါ။
• ရေဖျဉ်းစွဲသည်မှာ ရေအလွန်အကျွံသောက်၍ မဟုတ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စုအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18