Print

အရိုးပွခြင်း

  28-Feb-2017
Preview Image

 

ယခုခေတ် လူတော်တော်များများ အရိုးပွခြင်း အဖြစ်များကြသည်။ အရိုးပွရောဂါကို လူလတ်ပိုင်းအရွယ်များတွင် ဖြစ်ပွားနေပြီး အသက်ကြီးသူများတွင် ပိုမိုဖြစ်ပွားနေသည်။အရိုးအတွင်း ကယ်လ်ဆီယမ်ဓာတ် တဖြည်းဖြည်း ဆုံးရှုံးပျောက်ဆုံးကုန်သည့်အခါ အရိုးပွခြင်းကို ဖြစ်စေတတ်သည်။အရိုးကျန်းမာရေးအတွက် ဗီတာမင် ဒီ စားပေးရန်လိုမည်။ ဥပမာ - နွားနို့၊ ဥနှစ်ဝါ၊ ပင်လယ်ငါးတို့ထဲတွင် ဗီတာမင် ဒီ ဓာတ်ပြည့်ဝစွာ ပါဝင်သည်။ လူ့ခန္ဓာကိုယ်မှ ဗီတာမင် ဒီ ဓာတ် ရရှိစေရန် နေရောင်ထဲတွင် မကြာခဏ ခေတ္တမျှ လမ်းလျှောက်ပေးပါ။အရိုးပွရောဂါ မဖြစ်စေရန် အဓိက ကယ်လ်စီယမ်ဓာတ် များများစားပေးရမည်။ ကယ်လ်စီယမ်ဓာတ်သည် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ နို့ထွက်ပစ္စည်း၊ ငါးကလေးများတို့ထဲတွင် အများဆုံးပါသည်။

 

အရိုးပွရောဂါရှိနေသူများသည် နေ့စဉ် ကယ်လ်စီယမ် အနည်းဆုံး ၁၀၀၀ မီလီမီတာ စားပေးရန်လိုမည်။ နေ့စဉ် နွားနို့နှစ်ခွက် သောက်ပေးရမည်။ နို့ထွက်ပစ္စည်းများ စားပေးရမည်။အရိုးပွရောဂါရှိသူများနှင့် ရောဂါမဖြစ်သေးသူများ နေ့စဉ် ပုံမှန်အားကစား လုပ်သင့် သည်။ အသက်ကြီးသူများ အားကစားလုပ်သည့်အခါ မြန်မြန်မလုပ်ဘဲ ဖြည်းဖြည်း လည်း လုပ်နိုင်သည်။ အားကစားလုပ်ခြင်းသည် အရိုးနှင့်သွေးကြောများအတွက် လုပ်ဆောင်အား တိုးပွားသန်မာစေမည်။အရိုးပွရောဂါရှိသူများ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် ဂရုစိုက်ရန် လိုမည်။ ဥပမာ- ရေချိုးခန်းသွားလျှင် ချော်လဲမှုမဖြစ်စေရန် သတိရှိပါ။အခြားသော လေးပင်သော ပစ္စည်းများကို မခြင်း၊ ယူခြင်းလုပ်သည့်အခါ ခါးကုန်း၍ ယူခြင်းမလုပ်ဘဲ ဒူးတုတ်ထိုင်ချပြီးမှ ပစ္စည်းကိုမပါ။အရိုးပွနေသူများသည် အိပ်ရေးပျက်မခံပါနှင့်။ ဆေးလိပ် အရက်သောက်ခြင်း ကို ရှောင်ပါ။ နေ့စဉ် အချိန်တစ်ခုသတ်မှတ်၍ ပုံမှန်နားပေးပါ။

 

စားသင့်သော အစာများ
အရိုးပွနေသူများသည် မုန်ညင်းဖြူ၊ မုန်ညင်းပု၊ မှို၊ ကြွက်နားရွက်မှို၊ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ဇီးသီး၊ သံလွင်သီး၊ ငါးသေးသေးများ၊ ပုစွန်ခြောက်၊ ဂုံးကောင်၊ ပင်လယ်ခရု၊ ငါးရှဉ့်၊ ပဲဝါ၊ ပဲနို့၊ ပဲပြား၊ နှမ်းဖြူ၊ နှမ်းနက်၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းများနှင့် ကြံသကာတို့ စားသင့်ပါသည်။

 

မစားသင့်သော အစာများ
အရိုးပွနေသူများသည် အအေး၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်၊ ကိုလာ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးများမစားသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ယမုံအေး (စမ်းချောင်း)
Page 94, Health For All , No.99 April 2015.

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18