Print

ဂျိုက်သိုးရောဂါ

  28-Feb-2017
Preview Image

 

ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ ဝက်သက်ရောဂါ နှင့် ဆင်တူပါသည်။ အနောက်နိုင်ငံများတွင် ဂျာမန်ဝက်သက်ဟု ခေါ်ကြ သည်။ အဖုအပိန် ့များ မဆက်စပ််ပါ။ အသားညိုသူများတွင် မြင်တွေ့ရခက်ပါသည် ။ နောက် ဆက်တွဲ ပြဿနာ ဖြစ်ခဲပါသည်။

 

ဂျိုက်သိုးရောဂါ လက္ခဏာများ
အပိန် ့ထွက်ခြင်း၊ ဖျားခြင်း (၃၉ ဒီဂရီ စင်တီဂရိတ်အောက်)၊ ပျို့ခြင်း ၊ သာမန်မျက်စိနီခြင်းများ တွေ့ရသည်။ မျက်နှာနှင့် လည်ပင်းတို့မှ အပိန် ့စထွက်ပြီး ကိုယ်ဘက်သို့ ပျံ့နှံ့သွားသည်။ တစ်ရက်မှ သုံးရက် ကြာတတ်သည်။ နားနောက်နှင့် လည်ပင်းတွင် အကျိတ်များ ကြီးလာသည်။ ကလေးများနှင့် လူငယ်များတွင် ဖြစ်ပွားသောအခါ သာမန် မပြင်းထန်သော ရောဂါဖြစ်သည်။

 

မွေးရာပါ ဂျိုက်သိုးရောဂါ လက္ခဏာစု
ကိုယ်ဝန်ဆောင် အစောပိုင်း လနုစဉ်တွင် ရောဂါ ဝင်ရောက်ပါက သန္ဓေသားအား ကိုယ်အင်္ဂါ ချွတ်ယွင်းချက်များ ဖြစ်ပွားထိခိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ ဂျိုက်သိုးရောဂါ ကူးစက်ခံရပါက ၊ ကလေး သေဆုံးခြင်း သို့မဟုတ် မွေးရာပါ ချွတ်ယွင်းချက်များ ဖြစ်ခြင်း အစရှိသည့် ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာ များ ဖြစ် တတ်သည်။ နားလေးခြင်း၊ မျက်စိ တိမ်စွဲခြင်း ၊မွေးရာပါ နှလုံးရောဂါ ဖြစ်တတ်သည်။မွေးရာပါ နှလုံးရောဂါ ၊ အတွင်းတိမ်၊ ဘေလုံးကြီးခြင်း ၊ အရေပြားအောက် သွေး အနီစက်များ ထခြင်း၊ ဦးခေါင်းခွံ သေးငယ်ခြင်း၊ နားမကြားခြင်း ရောဂါများ တွေ့ရှိရပါသည်။


တစ်နှစ်အောက် ကလေးတစ်ဦး နှလုံးရောဂါ နှင့် သို့မဟုတ် နားလေးခြင်း ဖြစ်ပွားလျှင်နှင့် သို့မဟုတ် အောက်ပါ မျက်စိလက္ခဏာများ တစ်ခု သို့မဟုတ် တစ်ခုထက် ပိုပြီး ဖြစ်လျှင် သူငယ်အိမ်ပေါက်အဖြူရောင် တွေ့ရခြင်း သို့မဟုတ် မစွဲခြင်း၊ အမြင် မှုန်ဝါးခြင်း၊ ချိန်သီး ကဲ့သို့ မျက်လုံးလှုပ်ရှားခြင်း ၊ မျက်စိစွေခြင်း ၊ မျက်လုံးသေးငယ်ခြင်း ၊ မျက်လုံးကြီးခြင်း။တစ်နှစ်အောက်ကလေး သို့မဟုတ် မိခင်သည် ကိုယ်ဝန်ဆောင်စဉ် သံသယ သို့မဟုတ် အတည်ပြု ဂျိုက်သိုးရောဂါ ဖြစ်ပွားသော ရာဇဝင် ရှိ်လျှင် ကလေးတွင် မွေးရာပါ ဂျိုက်သိုးရောဂါ လက္ခဏာ မရှိသော်လည်း မွေးရာပါ ဂျိုက်သိုးရောဂါဟု သံသယရှိသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာရဲလှ
(Page 10, Health For All , No.97, February,2015 )


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18