Print

ဆီးချိုသွေးချို ရောဂါရှိသူ သွေးပေါင်ကျခြင်း

  28-Feb-2017
Preview Image

 

အပေါ် သွေးဖိအား ၉၀၊ အောက် သွေးဖိအား ၆၀ အောက်ကို သွေးပေါင်ကျတယ် လို့ ခေါ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် သွေးပေါင်ကျသွားရင် ရှော့ခ် (Shock) ရတယ် လို့ ခေါ်ပါတယ်။ ရှော့ခ်ရတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ 

 

(၁) သွေးထဲမှာ Vitamin နည်းသွားရင် ရှော့ရတတ်ပါတယ်။ ဥပမာ ဆီးချိုသွေးချိုသမား ဝမ်းပျက်ဝမ်းလျှော ဖြစ်ရင် Volume နည်းသွားတတ်ပါတယ်။ ဆီးချိုသမားက အစာအိမ် သွေးကြောပေါက်တယ်၊ သွေးတွေ အန်တယ်ဆိုရင်လည်း သွေးပေါင်ကျ သွားပါတယ်။ ဒီလို အခြေအနေဆိုရင် Volume ပြန်ဖြည့်တဲ့ အနေနဲ့ ဝမ်းသွားရင် ဓာတ်ဆားရည် သောက်ပေးရပါတယ်။ Drip ပြန်ချိတ်ပေးရပါတယ်။ အဲဒါကို Hypovolumic Shock လို့ ခေါ်ပါတယ်။ 

 

(၂) ဆီးချိုသမား သွေးပေါင်ကျရင် ကြောက်ဖို့ကောင်းတဲ့ အချက်က နှလုံးကြောင့် ဖြစ်တာပါ။နှလုံးက ကောင်းကောင်းညှစ်ထုတ်နိုင်စွမ်း မရှိလို့ ဖြစ်ရတာပါ။ ဒါကို Cardiogenic Shock လို့ခေါ်ပါတယ်။ များသောအားဖြင့် ဆီးချိုသမားတွေက နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီတော့ နှလုံးက ထိတာများလို့ နှလုံးရဲ့ညှစ်ထုတ်တဲ့ Pump Action က မကောင်းတော့ပါဘူး။ ဒီလိုလူမျိုးတွေမှာ သွေးပေါင်ကျရင် ချက်ချင်း ECG ရိုက်ကြည့်သင့် ပါသည်။ နှလုံးကြောင့် ဖြစ်မှန်းသေချာရင် သွေးပေါင်ပြန်တက်တဲ့ဆေးတွေ (ဥပမာ-ဒိုပါမင်း) ကို ပေးရပါတယ်။ လက္ခဏာအနေနဲ့ လူနာက ရင်ဘတ်အောင့်တယ်၊ မောတယ် လို့ ပြောပြီး သွေးပေါင် ထိုးကျသွားတတ်ပါတယ်။ 

 

ဆီးချိုရောဂါရှိတဲ့သူ သွေးပေါင်ကျရင်
လှုပ်လှုပ်ရှားရှား မနေသင့်ပါဘူး။ ဖြစ်နိုင်ရင် လှဲအိပ်နေပေးသင့်ပါတယ်။ မတ်တတ် ထရင် မိုက်ခနဲ လဲတတ်တဲ့အတွက်ကြောင့် သွေးပေါင်ကျတဲ့နေတဲ့အချိန် လှုပ်ရှားနေရင် အဆင်မပြေပါဘူး။ ငြိမ်ငြိမ်လေးနေပြီး လှဲအိပ်နေသင့်ပါတယ်။ သွေးပေါင်ကျလာပြီဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာကို ကြည့်ပြီး ဆေးရုံသွားသင့်၊ မသွားသင့် စဉ်းစားရပါမယ်။ ဥပမာ-ချွေးတွေ အရမ်းထွက်လို့ သွေးပေါင်ကျတာဆိုရင် ဓာတ်ဆားရည် သောက်လိုက်တာနဲ့ ပြန်ကောင်းသွားနိုင်ပါတယ်။ ဖျားပြီးတော့ သွေးထဲမှာ အဆိပ်တက်တာလား၊ နှလုံးကြောင့် ဖြစ်တာလား မသိရတဲ့အတွက် ၉၀/ ၆၀ အောက် ရောက်သွားရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားဖို့လိုပါတယ်။ 

 

ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ ရှိသူတွေ မူးတာလည်း ရှိပါသေးတယ်။ ဆီးချိုရောဂါ လည်းရှိတယ်၊ သွေးတိုးရောဂါလည်း ရှိတယ်။ မူးလည်းမူးတယ်ဆိုရင် မူးမူးချင်း သွေးပေါင် တိုင်းပါတယ်။ သွေးပေါင်က ၁၄၀/၉၀ ဖြစ်နေရင် သွေးတိုးနေတာ ဖြစ်ပါတယ်။ အဲဒါဆိုရင် လက်ရှိ သွေးပေါင်ကျဆေးတွေအပြင် ထပ်တိုးပြီး ပေးရပါတယ်။ သွေးပေါင် ၉၀/၆၀ အောက်အထိ ကျသွားရင် လက်ရှိသောက်နေတဲ့ သွေးပေါင်ကျဆေးတွေကို ခဏရပ်လိုက်ပြီး ဓာတ်ဆားရည်လိုမျိုး သောက်ပေးထားပါ။ ပြီးရင် ဆရာဝန်နဲ့ ပြပါ ။ သွေးပေါင်က ကျလည်း မူးနိုင်တယ်။ သွေးလည်း မူးနိုင်ပါတယ်။ အဲဒီလို မူးနေတုန်း မှာ သွေးတွင်းသကြားဓာတ်ကိုလည်း တိုင်းကြပါတယ်။ သွေးတွင်း သကြားဓာတ်ကလည်း ကျနေရင်၊ ရင်တွေ တုန်လာရင် အချိုရည်ဖြစ်ဖြစ် သောက်ခိုင်းပါတယ်။ တကယ်လို့ သွေးတွင်း သကြားဓာတ်က တက်နေရင်တော့ အချိုတွေ ရှောင်ရပါမယ်၊ အစားအသောက်ကို သတိထား ဆင်ခြင် စားသောက်ပြီး သောက်နေတဲ့ဆေးတွေကို လိုအပ်ရင် တိုးပြီးသောက်ရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.252, July 2013, Pg. 128-130



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18