Print

သွေးလှည့်ပတ်မှု မကောင်းသော သတိပေးလက္ခဏာများ

  27-Feb-2017
Preview Image

သွေးလှည့်ပတ်မှု မကောင်းသော သတိပေးလက္ခဏာများ
၁။ ခြေထောက်များဖောရောင်ခြင်း

ခြေထောက်တွေ ဖောရောင်တာက အထိုင်များတာ ဒါမှမဟုတ် မတ်တပ်ရပ်များ တာစတဲ့ အနေအထားတွေကြောင့် ဖြစ်နိုင်သလို ဆားအစားများတာ၊ အာဟာရချို့တဲ့တာ၊ အဝလွန်တာ၊ အသက်ကြီးတာ၊ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံ၊ ရာသီမလာမီ အကြိုဝေဒနာခံစားနေရတာ၊ ကိုယ်ဝန်ဆောင်တာ စတာတွေကြောင့် သွေးစီးမှု မကောင်းလို့ဖြစ်ရတာပါ။

၂။ လက်ခြေများထူံကျဉ်ခြင်း

ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုခုထုံကျဉ်နေတာအထူးသဖြင့်လက်နဲ့ခြေထောက်
တွေမှာ ထုံကျဉ်မှုတွေ ဖြစ်ရတာက သွေးလှည့်ပတ်မှု မကောင်းလို့ပါ။

၃။ အမြဲတမ်းမောပန်းနွမ်းနယ်နေခြင်း

ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးတဲ့ အခါနဲ့ တချို့ဆေးဝါးတွေ
ကြောင့် မောပန်းနွမ်းနယ်မှုတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးမရောက်တဲ့ အခါမျိုးမှာ လည်း မောပန်းနွမ်းနယ်မှုဖြစ်နိုင်ပါတယ်။

၄။ ခြေ၊ လက်များအေးခြင်း

သွေးလှည့်ပတ်စီးဆင်းမှုက ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးပါတယ်။ သွေးစီးဆင်း မှု ပြတ်တောက်သွားပါက ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို မထိန်းထားနိုင်ပါဘူး။

၅။ ခုခံအားစနစ် အားနည်းခြင်းနှင့် အနာကျက်နှေးခြင်း

သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ခုခံစွမ်းအားစနစ်အပေါ်များစွာ သက်ရောက်မှုရှိပါတယ်။

၆။ ခြေထောက်သွေးပြန်ကြောထုံးခြင်း

ခြေထောက်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှားပေါ်လွင်နေတာ က သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ဖြစ်ရတာပါ။ ခြေထောက်သွေးပြန်ကြောထဲက
သွေးတွေ က သွေးလှည့်ပတ်မှု မကောင်းတာနဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် အပေါ်ပြန်မတက်နိုင်တဲ့အခါ သွေးကြောတွေ ရောင်တာ၊ လိမ်တာတွေ ဖြစ်လာပါတယ်။

၇။ ရုတ်တရက်ဆံပင်ကျွတ်ခြင်း

သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ရုတ်တရက်ဆံပင်ကျွတ်နိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ ဦးရေပြားဆီကို လိုအပ်တဲ့ အာဟာရဓာတ်တွေ မရရှိတာကြောင့် ဆံသားခြောက်သွေ့တာ၊ ဆံပင်ကျဲပါးတာ၊ ဆံပင်နှစ်ခွဖြစ်တာ စတာတွေဖြစ်နိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.281, December 2015, Pg.80-81

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18