Print

အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာ

  27-Feb-2017
Preview Image

အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာ
ကော်ဖီ - ကဖင်းပါသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ်ကို လွန်ကဲစေသည်။

ချိစ်ကိတ် - အဆီပါဝင်မှုများသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ် လျှံတက်စေပြီး ရင်ပူစေသည်။

ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး အစာအိမ်အက်ဆစ်ဓါတ်ကို လျှံတက်စေသည်။

အချဉ်သစ်သီးများ - အချဉ်ဓါတ်သည် အစာအိမ်အက်ဆစ် လွန်ကဲစေ သည်။

အရက် - ဘီယာ၊ ဝိုင်နှင့်အရက်များသည် အစာအိမ်ရောင်သည်အထိ ဖြစ်သည်။

အစပ် – ငရုတ်သီး၊ချင်း စသည့် ပူစပ်သည့် အစားအစာများသည် အစာအိမ်အက်ဆစ်ကို ပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။

ချောကလက်- ချောကလက်သည် အစာအိမ်အက်ဆစ်ဓါတ်ကို မမြင့်တက်စေသော်လည်း အစာရေမျို ပြွန် (oesopha gus) ကြွက်သားကို ပျော့ပြောင်း စေသည့်အတွက် အစာအိမ်အက်ဆစ်များကို ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။

ခရမ်းချဉ်သီး- ခရမ်းချဉ်သီးကိုယ်၌ပင် အက်ဆစ်ဓါတ်များစွာပါဝင်ပြီး အစာရေမျို ပြွန်ကိုလည်း ပျော့စေသည့်အတွက် ရင်ပူစေသည်။ ခရမ်းချဉ်သီး အချဉ်ရည်များသည်လည်း အစာအိမ် အချဉ်ပေါက်စေသည်။

အစားကြီးခြင်း ညမအိပ်ခင် နှစ်နာရီ မှသုံးနာရီအတွင်း အစာအမြောက်အမြား စားထားလျှင် အစာရေမျိုပြွန် နှင့် အစာအိမ်တို့ကြားပြွန်ပေါက်ကို ဖိအားသက်ရောက်မှုကြောင့် အစာအိမ်အက်ဆစ်များ အပြင်ထွက် ကာ ရင်ပူတတ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သီဟ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18