Print

အရိုးကင်ဆာ

  27-Feb-2017
Preview Image

အရိုးကင်ဆာ
အရိုးတွင်းရှိ ရိုးတွင်းခြင်ဆီသည် သွေးနီဥ၊ သွေးဖြူ ဥ၊ သွေးဥမွှားတို့ကို ထုတ်ပေးသည်။ အထူးသဖြင့် ခြေထောက်ရိုးများနှင့် လက်ရိုးများမှ ထုတ်လုပ်ပေးသည်။

 

ဖြစ်ပွားမှု
အရိုးကင်ဆာသည် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့ကဲ့သို့ အဖြစ်မများသော်လည်း အသက် ၂၀ အောက် လူငယ်များတွင် အများဆုံးဖြစ်ပွားသည်။ အရိုးကင်ဆာ ၇၅ ရာခိုင်နှုန်းသည် အသက် ၂၀ အောက်တွင်ဖြစ်ပြီး အသက်ကြီးသူများတွင် ဖြစ်ပွားမှုနည်းသည်။

 

ဖြစ်ပွားရခြင်းအကြောင်းရင်းများ
အရိုးကင်ဆာသည် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့်ဟု ယူဆရသည်။ အရိုးကြီးထွားချိန် အသက် ၂၀ အောက်တွင် အရိုးကင်ဆာအဖြစ်များရာ ယင်းအချိန်သည် အရိုးများကြီးထွားချိန်ဖြစ်သည်။ ယင်းအချိန်တွင် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် ဆဲလ်များပုံမှန်ထက် အလွန်အကျွံပွားများပြီး ကင်ဆာဖြစ်ရသည်။

 

ရောဂါလက္ခဏာများ
အရိုးကင်ဆာသည် အမျိုးသားများတွင် အမျိုးသမီးများထက် ပိုမိုဖြစ်ပွားသည်။ ရှည်သောအရိုးများတွင် အဖြစ်များသည်။ ၅၀ ရာခိုင်နှုန်းမှာ ဒူးတွင်ဖြစ်ပွား၍ ၁၅ ရာခိုင်နှုန်းမှာ ပေါင်ရိုးထိပ်နှင့် တင်ပါးဆုံရိုး ဆက်ရာအနီးတွင် ဖြစ်ပွားသည်။ ၁၀ ရာခိုင်နှုန်းမှာ လက်မောင်ရိုးအထက်ပိုင်းတွင် ဖြစ်သည်။

အသက် ၂၅ နှစ်နောက်ပိုင်းတွင် ရှည်သောအရိုးများတွင် ဖြစ်ပွားနှုန်းနှင့်
ပြားသောအရိုးများတွင် ဖြစ်ပွားနှုန်းတူသည်။ အရိုးကင်ဆာသည် အခြားကင်ဆာများနှင့်မတူဘဲ အရိုးမှ အလုံးအကျိတ်ဖြစ်ကာ လျင်မြန်စွာ ကြီးလာသည်။ အလွန်နာစေသည်။ စောစောပိုင်းတွင် နာလိုက် ပျောက်လိုက်ဖြစ်၍ နောက်ပိုင်းတွင် အလွန်နာကျင်သည်။ အဆစ်လှုပ်ရှားမှု နည်းလာသည်။

ထို့အပြင် ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်နိုင်သည်။ အရိုးကင်ဆာသည် သွေးမှတစ်ဆင့် အခြားအရိုးများ၊ အဆုတ်၊ ဦးနှောက်သို့ ပျံ့နှံ့ပြီး၊ အလွန်ပျံ့နှံ့လွယ်သည်။ လူနာ ၂၀ ရာခိုင်နှုန်းသည် ရောဂါဖြစ်သည်ကို သိရချိန်တွင် အခြားနေရာများသို့ ပျံ့နှံ့နေပြီဖြစ်သည်။ အရိုးကင်ဆာဖြင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းမှာ အခြားနေရာများသို့ ပျံ့နှံ့မှုကြောင့်ဖြစ်သည်။

 

ကုသခြင်း
အရိုးကင်ဆာကို ကုသရာ၌ ခွဲစိတ်ကုသခြင်းဖြင့် ကုသသည်။ အရိုးကို ခွဲစိတ်ဖြတ်တောက်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးဝါးဖြင့် ကုသခြင်းတို့ကိုလည်း ပြုလုပ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသော ကင်ဆာရောဂါများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18