Print

သွေးတိုးအရေးပေါ်အခြေအနေ (Hypertensive Crisis)

  27-Feb-2017
Preview Image

သွေးတိုးအရေးပေါ်အခြေအနေ (Hypertensive Crisis)
သွေးဖိအားမှာ အပေါ်က ၁၈၀ မီလီမီတာပြဒါးကျော်လျှင် ဦးနှောက်သွေးကြော
ပြတ်နိုင်၍ အရေးပေါ် (Hypertensive Crisis) ဖြစ်နိုင်သည်ဟု သတ်မှတ်ကြသည်။
အောက်ဖိအားမှာ ထိုအခါ၌ ၁၁၀ မီလီမီတာပြဒါးရှိသည်။

 

သွေးတိုးရောဂါအရေးပေါ်၌ ပျက်စီးနိုင်သောအင်္ဂါများ (Organ Damage In Hypertensive Emergency)
(၁) စိတ်အခြေအနေပြောင်းလဲခြင်း ဥပမာ- တွေဝေခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ စူးစိုက်မရခြင်း
(၂) ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေသင်ဒုန်းဖြတ်ခြင်း (Storke)
(၃) နှလုံးကျဆုံးခြင်း (Heart Failure)
(၄) ရင်ဘတ်နာခြင်း (Angina, Chest Pain)
(၅) နှလုံးလေသင်ဒုန်းဖြတ်ခြင်း (Heart Attack)
(၆) အဆုတ်ရောင်ရေဝပ်ခြင်း (Pulmonary Oedema)
(၇) သွေးကြောမ နံရံကွဲခြင်း (Aortic Aneurysm Dissection)
(၈) ကိုယ်ဝန်ဆောင်သွေးတက်ခြင်း၊ အန်ခြင်း၊ တက်ခြင်း (Eclampsia)

 

ကုသမှု
ထိုအခါ ဆေးရုံချက်ချင်းတင်ကုသခံရမည်

 

လက္ခဏာများ
(၁) ခေါင်းကိုက်ခြင်း
(၂) အမြင်ဝါးခြင်း
(၃) စိတ်ဇဝေဇဝါဖြစ်ရာမှ တိုး၍တိုး၍ ဆိုးလာပြီးမေ့မျောခြင်း (Coma ရသည်)
(၄) တက်ခြင်း (ပါးစပ်မှအမြှုပ်ထ၍ ဝက်ရူးပြန်သလိုဖြစ်ခြင်း)
(၅) ရင်ဘတ်နာခြင်း
(၆) အသက်ရှူမဝခြင်း
(၇) ခြေဖောခြေရောင်ဖြစ်ခြင်း (Dependent Oedema)
(၈) လုံးဝသတိမေ့မျောခြင်း၊ ပြန်မနိုးတော့ခြင်း (Deep Coma)

 

စမ်းသပ်မှု
(၁) အချိန်မှန်သွေးဖိအားတိုင်းခြင်း
(၂) မျက်လုံးထဲ သွေးထွက်မထွက်ကြည့်ခြင်း (Fundoscopy)
(၃) သွေးစစ်ခြင်း
(၄) ဆီးစစ်ခြင်း
(၅) အခြားစစ်ဆေးမှုများပြုလုပ်ခြင်း (ဥပမာ ECG, EEG)

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18