Print

Arthritis အဆစ်အမြစ် ယောင်ခြင်း နာခြင်း

  25-Feb-2017
Preview Image

အင်္ဂလိပ်လို Arthritis ဆိုတဲ့စကားဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
aတာင့်တင်းခြင်း နဲ့ ယောင်ကိုင်းလာခြင်း စတာတွေ အားလုံးကို ယေဘူယျ
ခြုံပြောလိုက်တာပါ။ တဆစ်ပဲနာနာ နှစ်ဆစ်ပဲနာနာ အဆစ်နာရောဂါပါပဲ။ ဆရာဝန်များ ယခုအချိန်ထိ ရှာဖွေတွေ့ရှိထားသလောက်ဆိုရင်တော့ အဆစ်နာရောဂါပေါင်းဟာ ၁၀၀ ကျော်ကျော်ရှိပါသတဲ့။ အဆစ်နာရောဂါဟာ ဘယ်လောက် အဖြစ်များ သလဲဆိုရင် ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက် နှုန်းဖြစ်နေပါတယ်။ အဆစ်နာအမျိုးပေါင်း ၁၀၀ ကျော်ထဲက အဓိက ဖြစ်လေ့ရှိတာကတော့ Osteoarthritis လို့ခေါ်တဲ့ပွန်းစား
အဆစ်နာဖြစ်ပြီး နောက်တစ်ခုကတော့ မြန်မာပြည်မှာ သိပ်တွေ့ရလေ့မရှိသော်လည်း အနောက်တိုင်းအဖြစ်များတဲ့ Rheumatiod arthritis ခေါ် သွေးလေးဖက်နာပဲဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ အဆစ်နာရောဂါကို လုံးဝပျောက်ကင်းအောင်
ကုလို့ရတဲ ဆေးမရှိသေးပါဘူး။ ဆေးဝါးလေးနဲ့ နဲနဲထိန်း၊ ညတဖက်ကလည်း
လေ့ကျင့်ခန်းလေး ဘာလေးလုပ် စသည်ဖြင့်တော့ အဆစ်နာခြင်းကို သက်သာအောင် ကြံဖန်လုပ်နေကြရတာပါပဲ။ အဲဒီအထဲမှာမှ ကျန်းမာရေးအသိရှိခြင်း နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းတို့ကလည်း အင်မတန်အရေးကြီးပါတယ်။

အဆစ်နာခြင်းရဲ့လက္ခဏာများ
--------------------------------

အဆစ်နာခြင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ သို့သော် တချို့သော အဆစ်နာရောဂါတွေကတော့ ဒုတိယအရွယ်နဲ့ တတိယအရွယ်တွေမှာ ပိုအဖြစ်များကြပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -

- အချိန်ပြည့် အဆစ်ထဲမှ ကိုက်ခဲနေခြင်း နှင့် လှုပ်ရှားမှုပြုသည့် အခါ ပိုဆိုးဝါးစွာနာခြင်း။
- အဆစ်နှင့် အနီးတဝိုက်တွင် ယောင်ခြင်း၊ တောင့်ခြင်း၊ နီခြင်း၊ ပူခြင်း။
- အဆစ်ကို ပုံမှန်အတိုင်း ကွေး ဆန့် မရတော့ခြင်း။
- အဆစ် ၏ ပုံသဏ္ထာန် ပျက််ယွင်းသွားခြင်း။
- ပင်ပန်းနွမ်းနယ်ခြင်း။
- အဖျားတက်ခြင်း။
- အကွေးအဆန့်ပြုလုပ်ရာတွင် အဆစ်အတွင်းမှ ပုံမှန်မဟုတ်သော အသံများထွက်ခြင်း စသည်တို့ပဲဖြစ်ကြပါတယ်။ ဒီရောဂါလက္ခဏာတွေကို တချို့က လေးဖက်နာ
လက္ခဏာတွေလို့ သတ်မှတ်ပြီး ရောဂါကိုလည်း လေးဖက်နာရောဂါလို့ နာမည်တပ်ကြပါတယ်။ တကယ်ကတော့ လေးဖက်နာရောဂါဆိုတာ အဆစ်နာရောဂါတွေထဲက အချို့ပါပဲ။

အဆစ်ဆိုတာဘာလဲ
----------------------

အရိုးနှစ်ခုဆက်တဲ့နေရာဟာ အဆစ် ပေါ့လို့ လွယ်လွယ်ပြောရင်ရပါတယ်။ အဆစ်တစ်ခု လှုပ်ရှားနိုင်ဖို့ ဘာတွေပါရသလဲ ဆိုတာတော့ သိထားရင် ပိုကောင်းပါတယ်။

- Muscles ကြွက်သားများ - အဆစ်ဖြစ်ပေါ်စေသည့် အရိုးများနှင့် ဆက်နွယ်နေသည့် ကြွက်သားများသည် လှုပ်ရှားမှု အတွက် အရေးကြီးပါသည်။
- Tendons အရွတ်များ - ကြွက်သားများ နှင့် အရိုးများကို ဆက် ထားသော အရာကို အရွတ် ဟုခေါ်သည်။
- Ligaments အကြောများ - သည် အရိုးတစ်ခုနှင့် တစ်ခု အလွယ်တကူ ပြုတ်မထွက်သွားရန် တွဲဆက်ထားပေးသည်။
- Cartilage အရိုးနု - များသည် အရိုး တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေရာတွင် ပွန်းစားမှုသက်သာစေသည်။
- Synovial membrane - အဆစ်အတွက် သဘာဝချောဆီ ကိုထုတ်ပေးသည်။
- Bursa - ကြွက်သားအချင်းချင်််း အကြား၊ ကြွက်သားနဲ့ အရိုးကြား အကြား
လှုပ်ရှားမှုကောင်းစေသည်။

အဆစ်နာရခြင်း အကြောင်း
----------------------------- 

အပေါ်မှာပြောခဲတဲ့ အဆစ်တစ်ခုမှာပါတဲ့ ပစ္စည်းတွေ တစ်ခုခုဖြစ်ရင် အဆစ်နာတော့တာပါပဲ။ သွေးလေးဖက်နာရောဂါ Rheuamtiod arthritis မှာဆိုရင် အဆစ်အမြှေးပါးယောင်လို့ဖြစ်တာပါ။ Ankylosing spondylosis ဆိုရင်တော
့ ခြေဖနောင့်နဲ့ ခါးဆစ်တွေမှာရှိတဲ့ အရိုးနဲ့ ဆက်နေတဲ့ အရွတ်တွေ ယောင်လို့ဖြစ်တာပါ။ အဆစ်အတွင်း ပုံဆောင်ခဲ အနယ်ကျခြင်းကြောင့်ဖြစ်တဲ့ရောဂါကိုတော့ ဂေါက်ရောဂါလို့ အသိများကြပါတယ်။ အဆစ်တစ်ခုခုထဲကို အခန့်မသင့်ပဲ ရောဂါပိုးဝင်သွားခြင်း
ကြောင့်လည်း အဆစ်နာနိုင်ပါတယ်။ အရိုးနှစ်ခု တိုက်ရိုက်မထိတွေ့ရအောင် ကြားခံထားပေးတဲ့ အရိုးနုတွေ ကာလကြာမြင့်သည်နှင့်အမျှ ပွန်းစားသွားသောကြောင့်
ဖြစ်ရတဲ့ ပွန်းစားအဆစ်နာရောဂါကတော့ အဖြစ်အများဆုံးပါပဲ။ ထိခိုက်မိခြင်းကြောင့်
သော်လည်းကောင်း၊ အခြားသော အကြောင်းများကြောင့် သော်လည်းကောင်း အဆစ်နာခြင်းများဖြစ်တတ်ပါသေးတယ်။

အဆစ်နာကုထုံးများ
---------------------

တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူသလို ကုထုံးများလည်း ကွဲပြားကြပါတယ်။ တစ်ယောက်ထဲတောင် တစ်ရက်နဲ့ တစ်ရက် ရောဂါလက္ခဏာ အပြင်းအပျော့ခြင်း တူချင်မှတူမှာပါ။ ကုထုံးတွေလည်း အမျိုးမျိုး အဖုံဖုံ ရှိပါတယ်။

- လေ့ကျင့်ခန်းကုထုံး - အလေးမခြင်း၊ ရေပူနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိုက်ချိ
- အပ်စိုက်ကုခြင်း
- အထောက်အကူပစ္စည်းများ သုံးပြီးကုခြင်း
- တရားထိုင်ခြင်း
- ဆေးဝါးများ အကူအညီယူခြင်း - အကိုက်အခဲပျောက်ဆေး၊ လေးဖက်နာဆေး စသည်တို့ဖြစ်ပါတယ်။
(ဆေးဝါး အမည်များကိုတော့ မဖေါ်ပြတော့ပါ။)

အဆစ်နာအတွက်ဆေးဝါးများသောက်မည်ဆိုပါက နီးစပ်ရာဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်ရန်ဖြစ်ပါတယ်။ ညအဆစ်နာအကြောင်း အရှည်ကြီးပြောခဲ့ပြီးပြီ။ မမေ့ရမယ့် အချက်ကလေး ၃ချက်ပဲရှိပါတယ်။

- အဆစ်နာဆိုတာ အဆစ်နာတဲ့ ရောဂါအကုန်လုံးကို ယေဘူယျခြုံခေါ်ထားတာပါ။ (လေးဖက်နာဆိုတာက အဆစ်နာရောဂါရဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ ကျနော်တို့မြန်မာ အများစုက အရိုးအဆစ်နာပြီဆိုရင် လေးဖက်နာလို့ လွယ်လွယ်ခေါ်ချင်ကြပါတယ်။ လေးဖက်နာကို ဆရာဦးချစ်စိုးက ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စသည်ဖြင့် ခွဲပြဘူးပါတယ်။)

- အဆစ်နာအမျိုးပေါင်း ၁ဝဝကျော်ရှိပါတယ်။

- အဆစ်နာအများစုမှာ နာကျင်ကိုက်ခဲတဲ့ အဆစ်ကို ငြိမ်ငြိမ်လေးထားမယ့် အစား လှုပ်လှုပ်ရှားရှားလုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ နောင်တစ်ချိန် အဆစ်တောင့်ခဲသွားခြင်းနဲ့ ကြွက်သားသိမ်သွားခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Ref : public health in Myanmar
Friday, June 13, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18