Print

နာတာရှည်အဆုတ်ဝေဒနာရှင်များတွင် မည်သည့်နှလုံးရောဂါများပိုဖြစ်ပွားနိုင်သ...

  25-Feb-2017
Preview Image

နာတာရှည်လေပြွန်များကျဉ်းလာသည့်ရောဂါ (Chronic Obstructive Pulmonary Disease) COPD မှာ systemic inflammatory disorder တစ်ခုဖြစ်ကာ
နှလုံးသွေးကြောင့် ပတ်သက်သည့် ရောဂါများဖြစ်ပွားမှုကိုပိုများစေလေသည်။ ထို့ကြောင့် COPD နှင့် နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများအားလုံး ခြုံငုံဖြစ်ပွားနှုန်း၊ မည်သည့် နှလုံးသွေးကြောရောဂါပိုမိုု ဖြစ်ပွားစေသည်၊ မည်သည့်အချက် များကနှလုံး
သွေးကြောရောဂါပိုမို ဖြစ်ပွားစေသည် စသည့်ဆက်စပ်ပုံများအား လေ့လာခဲ့သည့်
လေ့လာမှုတွင် ၁၉၈၀ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၅ ဧပြီ ၁၅ ရက်ကြား စာရင်းဇယားများအား
အသုံးပြုခဲ့သည်။ ယင်း်််လေ့လာမှုသည် COPD ဝေဒနာရှင် မဟုတ်သောသူများနှင့်
နှိှုင်းယှဉ် လေ့လာခဲ့ခြင်းဖြစ်သည်။ တွေ့ရှိချက််များအရ COPD ဝေဒနာရှင်များသည် သာမာန်သူများထက်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန် နှုန်းမမှန်သည့်ရောဂါ၊ အဆုတ် သွေးလှည့်ပတ်မှုစနစ်တွင် ဖြစ်ပွားသည့်ရောဂါ၊ သွေးကြောရောဂါတို့ ဖြစ်ပွားနိုင်ခြေနှစ်ဆမှ ငါးဆထိပိုများကြောင်းတွေ့ရသည်။ ယင်းရောဂါများပိုဖြစ်စေသော
အချက်များအနေဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုပိုများနေ ခြင်း၊ ဆီးချိုဖြစ်ပွားမှုပိုများနေခြင်း၊
ဆေးလိပ်သောက်သောအလေ့အကျင့် ရှိခြင်းတို့အားတွေ့ခဲ့ရသည်။ ယခုကဲ့သို့ COPD နှင့် မည်သည့်နှလုံးရောဂါများဆက်စပ်နေသည်၊ မည်သည့် အချက်များနှင့်
တွဲရှိနေပါက နှလုံးသွေးကြောရောဂါများပိုဖြစ်စေနိုင်သည်ကိုသိရှိရခြင်းဖြင့် COPD ဝေဒနာရှင်များတွင် နှလုံးသွေးကြောရောဂါမဖြစ်မီ ကြိုတင်စစ်ဆေးသင့်သည်။

REf:ဖိုးသောကြာ
No.179 Augest. 2015
Myanmar Health Updates Journal
Source: lancet



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18