Print

နှလုံးသွေးကြောပိတ်ရောဂါ ခွဲစိတ်ကုသမှု

  25-Feb-2017
Preview Image

နှလုံးရောဂါအကြောင်း လူတိုင်းကြားဖူးကြပါတယ်။ ဒါပေမဲ့ ကွဲကွဲပြားပြား သိသူတို့များလှမယ် မဟုတ်ပါဘူး။ နှလုံးရောဂါလို့ တစ်မျိုးတည်းဆိုကြပေမယ့်
ရောဂါအနေနဲ ့အများအပြား ဖြစ်နေတတ်တယ်။ ရင်တုန် တာလည်း နှလုံးရောဂါပါပဲ။
နှလုံးအတွင်း လျှပ်စစ်အချက်ပြများသွားလာရာ အာရုံကြောတွေ ဖောက်ပြန်လျှင်
ဖြစ်တတ်တယ်။ အဆိုးဆုံးကတော့ နှလုံးရောဂါဖောက်တာပါ။ Heart Attack လို့ အသုံးများပါတယ်။ နှလုံး တိုက်ခိုက်ခံရတယ်လို့လည်း အချို့ တိုက်ရိုက် ဘာသာပြန်တာ
လည်း ဖတ်ဖူးတယ်။ ဒီအနေအထားဟာ နှလုံးကြွက်သားတွေ အကြောင်းတစ်စုံတစ်ရာ
ကြောင့် သွေးလေမရတော့တဲ့ အတွက် နှလုံးကြွက်သား ဒဏ်ရာရတာကြောင့်
ဖြစ်တတ်တယ်။ အထူးသဖြင့် နှလုံးသွေးကြော အဆီပိတ် တာကြောင့် ဖြစ်တတ်ကြတယ်။ 
သွေးတွေတွန်းပို့နေရတဲ့ နှလုံးသွေးငတ်တယ်ဆိုတာ ရေရှိပြီး ရေငတ်နေသလိုပဲလို့ စဉ်းစားကျပ်မယ် ထင်ပါတယ်။ တကယ်တော့ နှလုံးလည်းအင်္ဂါတစ်ခုပါ။ သူ့ကို သွေးလေ
ထောက်ပ့ံပေးမယ့် သွေးကြောတွေ သီးသန့်ရှိကြတယ်။ နှလုံးခန်းတွေထဲရှိ ညှစ်ပို့နေရတဲ့
သွေးတွေက နှလုံးကြွက်သားတွေ အတွက်အသုံးမတည့် ပါဘူး။

နှလုံးသွေးကြောနဲ့ နှလုံးကြွက်သားတွေဆီ ရောက်လာတဲ့သွေးတွေကသာ လိုအပ်တဲ့ အာဟာရလေ ဓာတ်တွေ ပေးဝေနိုင်တာပါ။ နှလုံးကိုထောက်ပ့ံပေးနေတဲ့
သွေးကြောအတွင်း အနည်ကျ အဆီပိတ်လာပြီဆိုရင် နှလုံးသွေးကြော ကျဉ်းတဲ့
ပြဿသနာလာပါပြီ။ သိသာလာမှာက ရင်ဘတ်အောင့်လာတတ်တယ်။ တစ်ခါတလေ ဘယ်ဘက်ပခုံး အောင့်လာတတ်တယ်။ အခြေအနေဆိုးလွန်းလာရင် ရင်ဘတ်အောင့်ရာ
ကသတိလစ် သေဆုံးသွားတတ်ပါတယ်။ နှလုံးရောဂါဖောက်တာပါ။ နှလုံးသွေးကြော 
သိပ်မကျဉ်းရင် ကျဉ်းနေတဲ့ သွေးကြောအတွင်းနေရာမှာ ဆန်ကာပိုက်ထည့်ပြီး ကျား ကန်ကာ သွေးကြောပိတ်နေအောင် ပြုလုပ်ကုသပေးနိုင်တယ်။သိပ်ကျဉ်းလာပြီဆိုရင်တော့ပိတ်နေတဲ့ သွေး ကြောနေရာကိုလွန်ပြီး သွေးကြောတစ်ခုနဲ့ သွေးပို့ပေးတဲ့ ခွဲစိတ်ကုသမှု Bypass Surgury ပြုလုပ်နိုင်တယ်။ ဒါက အသုံးများနေတဲ့ ကုထုံးပါ။ ဒီလို ခွဲစိတ်
ကုသနိုင်ဖို့ပိတ်တဲ့နေရာကို ကျော်ပြီး သွေးပို့ပေးနိုင်တဲ့အတွက် အစားထည့်ဖို့ သွေးကြော
လိုလာတယ်။ ဒီသွေးကြောကို ပိတ်ဆို့နေတဲ့ နှလုံးသွေးကြော ပိတ်ဆို့နေတဲ့
နှလုံးသွေးကြော ရှိရာနေရာ၊ ပိတ်ဆို့မှု အတိုင်းအဆ၊ နှလုံးသွေးကြော အရွယ်အစားပေါ်
မူတည်ပြီး ရင်ဘတ်ထဲမှာ သွေးကြော၊ ခြေထောက် ဒါမှမဟုတ် လက်မှသွေးကြောတို့ကို အသုံးပြုတတ်ကြတယ်။ ဒီသွေးကြောတစ်ခုခုကို ဖြတ်တောက်ယူလိုက် ကြလို့လည်း ဘာပြသနာမပေးတတ်ပါ။

အသုံးအများဆုံးအနေနဲ့ ရေရှည်ရလဒ်ကောင်းရနေတဲ့ သွေးကြောက ရင်ဘတ်အတွင်းရှိတဲ့ သွေး လွှတ်ကြောပါ။ များသောအားဖြင့် ယင်းသွေးကြောရဲ့ အစနေရာကို နဂိုနေရာအတိုင်းထားပြီး အဖျားဖက်ကို ဖြတ်ကာ ပိတ်ဆို့နေတဲ့နေရာ
အလွန် နှလုံးသွေးကြောမှာ သွားဆက်ပေးမှာဖြစ်တယ်။လေသန့်ဓာတ်ကြွေဝတဲ့
သွေးတွေကို နှလုံးထပ်ပို့ပေးနိုင်မှာဖြစ်ပြီး ရင်ဘတ်ထဲရှိ သွေးလွတ်ကြောဖြစ်လို့ ရင်ဘတ်ဖွင့်လက်စ တစ်ခါ တည်း ခွဲစိတ်မှုပြီးမြောက်နိုင်တယ်။ နောက်တစ်နည်းက
ခြေထောက်သွေးပြန်ကြောကို ဖြတ်တောက်ရယူပြီး ပိတ်ဆို့နေတဲ့ နှလုံးသွေး လွှတ်ကြောမှာ လမ်းလွှဲအဖြစ် တပ်ဆင်ပေးကြမှာပါ။ ဖြတ်တောက်ယူထားတဲ့
သွေးပြန်ကြောတစ်ဖက်ကို သွေးလွှတ်ကြောမမှာ တပ်ဆင်ပြီး ကျန်တစ်ဘက်ကို ပိတ်ဆို့နေတဲ့ နှလုံးသွေးလွှတ်ကြောနေရာ အလွန်မှာ တပ်ဆင်ပေးရတယ်။ ဒါမှ
သွေးလွှတ်ကြောမမှသွေးများပိတ်ဆို့နေတဲ့ နေရာကိုကျော်ပြီး နှလုံးကို ထောက်ပ့ံ
ပေးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် လက်မှသွေးလွှတ်ကြောတစ်ချောင်း Radial Artery ကို ရယူပြီး လမ်းလွှဲ ဖောက်ပေးနိုင်ပါ သေးတယ်။ လက်တစ်ဖက်တည်းမှာပင်
သွေးလွှတ်ကြောနှစ်ချောင်းရှိပါတယ်။ လူအများစုမှာ လက်သန်း ဘက်တစ်လျှောက်
သွေးလွှတ်ကြော Ulnar Artery တစ်ခုတည်းက ထောက်ပ့ံနေတဲ့သွေးနဲ့တင် လုံလောက် လေ့ရှိတယ်။ ဒါကြောင့် ကျန်သွေးလွှတ်ကြောတစ်ချောင်းကို ဖြတ်ယူပြီး
နှလုံးလမ်းလွှဲ လမ်းကြောင်းအဖြစ် အသုံးပြုနိုင်တယ်။ တံတောင်ဆစ်အောက်ဘက်
နှစ်လက်မလောက်ကနေ လက်ကောက်ဝတ်အထက် တစ် လက်မလောက်ထိ အရေခွံကိုခွဲကာ သွေးကြောထုတ်ယူရတယ်။

ဒီလိုနှလုံးခွဲစိတ်ပြီးတဲ့အခါ လက်ကောက် ဝတ်မှာ ထုံကျင်တာမျိုး အချို့ခံစားရတယ်လို့ဆိုပ်တယ်။ ရေရှည်ခံစားတာကတော့ သိပ်မဖြစ်တတ်ပ်ဘူး။ အစာအိမ်နားက သွေးလွှတ်ကြောကိုလည်း သုံးလို့ရပါသေးတယ်။ ဒါပေမဲ့ သုံးလေ့သိပ်မရှိပါဘူး။ ဒါကအစား ထိုးလမ်းလွှဲပေးမယ့် သွေးကြောအကြောင်းပါ။
ခွဲစိတ်ကုသပုံ နည်းလမ်းကလည်း အမျိုးမျိုးရှိပါတယ်။ ပုံမှန်ခွဲစိတ်ကုသနေကျက
နှလုံးအဆုတ် စက်သုံးပြီး ခွဲစိတ်ခံနှလုံးကို အခုန်ရပ်စေကာ လမ်းလွှဲတတ်လေ့ရှိပါတယ်။ Traditional Heart By-pass Surgery လို့ အမည်ပေးထားကြတယ်။ ရင်ညွှန့်ရိုး အလယ်တစ်လျှောက် ခြောက်လက်မမှ ရှစ်လက်မထိ ခွဲစိတ်ဖွင့်ရပါတယ်။ ခွဲကြောင်းနေရာမှ နှလုံးပေါ်လာတဲ့အထိ ကိရိယာအကူအညီ အနေနဲ့ ဆွဲဖြဲထားရတယိ။ နှလုံးကို ရပ်စေပြီးမှ ခွဲစိတ်ရတာကြောင့် နှလုံးရဲ့ သွေးညှစ်ရတဲ့
တာဝန်ကို နှလုံးအဆုတ်စက် အသုံးပြုပြီး လမ်းလွှဲလုပ်ဆောင်စေရပါတယ်။
နှလုံးအခုန်ရပ်သွားတဲ့အခါ လမ်းလွှဲသွေးကြော တပ်ဆင်ကြရတယ်။ ခွဲစိတ်ချိန်
လေးနာရီခန့် ကြာမြင့် တတ်ပြီး နှလုံးသွေးကြော ခွဲစိတ်တပ်ဆင်နေစဉ် နာရီဝတ်မှ တစ်နာရီခွဲကြာ နှလုံးကို ရပ်ထားရလေ့ ရှိတယ်။ လမ်းလွှဲသွေးကြော တပ်ဆင်ပြီးရင်
နှလုံးပြန်ခုန်အောင် နှိုးပေးကြရတယ်။ နှလုံးပြန်ခုန်ပြီဆိုမှ ဆွဲဖြဲဖွင့်ထားတဲ့ ရင်ညွှန့်ရိုးကို ပြန်စေ့ကာ သီးသန့်ကြိုးနဲ့ ပြန်ချည်နှောင်ရတယ်။ ရင်ဘတ်ကို
ပြန်ချုပ်ပေးကြရတယ်။ နည်းပညာ အဆင့်မြင့်လာသောအခါ ခုန်နေဆဲနှလုံးမှာပဲ
လမ်းလွှဲသွေးကြော တပ်ဆင်ပေးနိုင်လာ တယ်။ Offoume Heart Bypass Surgery လို့ အမည်ပေးထားတဲ့ ကုထုံးပါ။ ခုန်နေတဲ့နှလုံးမှာပဲ ခွဲစိတ်တာ ကြောင့် နှလုံးအဆုတ်စက် သုံးစရာမလိုပါဘူး။ အဆင့်မြင့် ခွဲစိတ်ကိရိယာကိုသုံးပြီး သွေးကြောဆက်မယ့်
နှလုံးအစိတ်အပိုင်း ကွက်ကွက်နေရာလေးကိုသာ ငြိမ်နေအောင်ထိန်းထားမှာပါ။ နှလုံးရဲ့ ကျန်အစိတ်အပိုင်းတို့ လှုပ်ရှားပြီး သွေးတွန်းပို့နေပြီးမှာ ဖြစ်ပါတယ်။ ခုန်နေတဲ့နှလုံးကို 
ခွဲစိတ်မှုဟာ လူနာတိုင်းမှာတော့ ပြုလုပ်လေ့ မရှိသေးပါဘူး။ နှလုံးအဆုတ်စက်
အသုံးပြုတဲ့အခါ အန္တရာယ်ပေးနိုင်တဲ့ အနေအထားရှိနေသူတွေမှာ သီးသန့်သုံးတဲ့
ကုထုံးပါ။ သွေးလွှတ်ကြောမကြီးမှာ ထုံးအနယ် ထိုင်အဖတ်တွေ ရှိနေသူတွေ Aortic Calcification သွေးကြောရောဂါ ရှိနေသူတွေ ဦးနှောက်ဆီသွားတဲ့ သွေးလွှတ်ကြော ကျဉ်းမြောင်းနေသူတွေ၊ ကျောက်ကပ်ရောဂါရှိသူတွေမှာ ဒီနည်းနဲ့ ကုသပေး
တတ်ကြတယ်။ နှလုံးသွေးကြောလမ်းလွှဲ ခွဲစိတ်ကုသမှု ၂၀ ရာခိုင်နှုန်းမှာ ဒီကုသထုံးကို သုံးကြတယ်။ အဆင့်မြင့်ဆုံး ကုထုံးကတော့ သုံးလက်မလောက်ပဲ ခွဲဖွင့်ဖို့လိုတဲ့
Minimally Invasive Heart Bypass Surgery နည်းဖြစ်တယ်။ အထူးသဖြင့် ရင်ခေါင်းတွေ သွေးလွှတ်ကြောသုံး လမ်းလွှဲတပ်ဆင်တဲ့ ခွဲစိတ်ကုသမှုမျိုးမှာပါ။ ပိုးသေးတဲ့ သော့ပေါက်ခွဲစိတ်မှုကို စက်ရုပ်လက်တံတွေ အသုံးပြုခွဲစိတ်ကြရတဲ့ ကုထုံးမျိုးလည်းရှိပါသေးတယ်။ ဒိကုထုံးတွေမှာတော့ ဒဏ်ရာသေးလို့ အမာရွက်
ငယ်စေပါတယ်။ နာလန် ထချိန် ပိုမြန်တဲ့အတွက် ဆေးရုံးမှာ သုံးရက်ခန့်ပဲ
နေရတတ်ပါတယ်။ နှလုံးအဆုတ်စက်သုံး ကုထုံးမှာတော့ တစ်ပတ်လောက်ထိ
ဆေးရုံမှာ နေရလေ့ရှိတယ်။ ဒဏ်ရာသေးလို့ သွေးထက်နည်းမယ်။ ရောဂါပိုးဝင်မယ် အခြေအနေ နည်းပါးစေပါတယ်။ ဘယ်ကုထုံး သုံးမလဲဆိုတာကိုတော့
နှလုံးရောဂါ သဘာဝလူနာရဲ့ ကျန်းမာရေးအနေအထားပေါ် မူတည်ပြီး ဆရာဝန်တွေက ဆုံးဖြတ်အကြံပေးကြမှာပါ။

Ref:ဒေါက်တာမြင့်သန်း (သန္ဓေသား)
No.102,
Pg.88-89, July 2015
Health For All Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18