Print

ရင်သား ကင်ဆာဘယ်လိုကာကွယ်မလဲ

  25-Feb-2017
Preview Image

ရင်သားကင်ဆာဟာ အမျိုးသမီးတိုင်း ဖြစ်ပွားတတ်တဲ့ အဖြစ်အများဆုံး 
ကင်ဆာဖြစ်ပြီး သေဆုံးမှု အမြင့်ဆုံး အမျိုးသမီး ကင်ဆာပဲ ဖြစ်ပါတယ်။
ရင်သားကင်ဆာကို ဗြိတိန်မှာတစ်နှစ်လျှင် ဝေဒနာရှင် ၃၅ဝဝဝ ခန့် ဖြစ်လေ့ရှိပြီး
အမျိုးသမီး ၁ဝ ဦးမှာ တစ်ဦးဖြစ်လေ့ရှိပါတယ်။ယနေ့ ခေတ်ကာလ ရင်သားကင်ဆာ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းနဲ့ ဖြစ်ပွားမှုအပေါ် လုံးဝပျောက်ကင်း သို့မဟုတ် သက်တမ်းစေ့ နေနိုင် ရေး နည်းလမ်းကောင်းတွေ ရှိလာပါပြီ။ အမျိုးသမီးတွေက ရင်သားကင်ဆာနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်လွန်ကဲ နေကြ တယ်။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရင်သားတွေ လှီးဖြတ်ထုတ်လေ့ ရှိတယ်။ အမှန်မှာ မျိုးရိုးဗီဇ လိုက်တယ်ထားဦး။ 

ကျန်းမာတဲ့ နေထိုင်မှု ပတ်ဝန်းကျင်နဲ့ စိတ်ဓာတ်ကို ပြုပြင်ရင် မျိုးဗီဇ အပြောင်းအလဲ သို့မဟုတ် ပြင်ဆင်ချက်များ ဖြစ်လာနိုင်တယ်။ ရင်သားကင်ဆာ ဖြစ်ပွားမှု မြင့်မားရခြင်း
နဲ့ ဟော်မုန်း အစားထိုး ကုသမှု ကြာမြင့်ခြင်း၊ ကိုယ်ဝန်တားဆေး သုံးခြင်း၊ ပြည့်ဝဆီ၊ ဝက်ဆီနဲ့ စားအုန်းဆီ စားသုံးမှု လွန်ကဲခြင်း၊ နို့ထွက်ပစ္စည်းများ၊ အရက်၊ ဘီယာ၊ ပိုးသတ်ဆေး၊ ဓာတုမြေသြဇာများ၊ ပေါင်းသတ်ဆေးများဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားသုံးမှု များခြင်းတို့ဟာ ရင်သားကင်ဆာနဲ့ ဆက်နွှယ် နေတတ်တယ်။ အမျိုးသမီး အများစုမှာ အီစတြိုဂျင် ဟော်မုန်း လွန်ကဲစွာပါနေလို့ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာ စုတွေဖြစ်လာနိုင်တယ်။ တကယ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးရင် ယင်း ဟော်မုန်းကို အသည်းကတစ်ဆင့် စွန့်ထုတ် နိုင်တယ်။ အကယ်၍ ပြည့်ဝဆီများ၊ တိရစ္ဆာန်အဆီနဲ့ အရက် သောက်သုံးတာ များနေရင် အီစတြိုဂျင် ဟော်မုန်းကို စွန့်ထုတ်ဖို့ မစွမ်းနိုင်တော့ဘူး။ အဲဒီ ဟော်မုန်းကို
ပြန်လည်အသုံးပြုရာက တစ်သျှူးများ ထိခိုက်မှု ဖြစ်စေနိုင်တယ်။ 

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အကြွင်းအကျန်များ ပါရှိသော သောက်သုံးရေနဲ့ အစားအသောက်များဟာ ကင်ဆာဖြစ်နိုင်ဖို့ ပိုများသလို အဲဒီပစ္စည်းမပါဖို့ အထူး ဂရုစိုက်သင့်တယ်။ ရှောင်နိုင်တဲ့ အစာမှာ သွေးလည်ပတ်မှု ထိခိုက်စေတယ်။ အထူးသဖြင့် တိရစ္ဆာန်က ရတဲ့အဆီ၊ မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ် နည်းတဲ့ အစားအစာ၊ ရေခဲရေ၊ ရေခဲမုန့်၊ ဂျယ်လီ၊ ပူတင်းနဲ့ ကိတ်မုန့်များ ရှောင်သင့်တယ်။ အဆီဓာတ် အနည်းဆုံးအစားအစာ ဖြစ်သင့်တယ်။ ဆေးလိပ်၊ အရက်နဲ့ ဘီယာ
ရှောင်ရမယ်။

စားသုံးသင့်တာက အဆီဖြိုးတဲ့ငါး၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ပျော်ဝင်စေသော အမျှင်များ ပါတဲ့ နှမ်း၊ ဂျုံ နဲ့ ဆန်လုံးညိုတို့ စားနိုင်တယ်။ အဲဒီ အစားအသောက်တွေ ဟာ သွေးလည်ပတ်တာ ကောင်းစေတဲ့ အပြင် သွေးတွင်းရှိ သိပ်သည်းဆ နည်းတဲ့ မကောင်းတဲ့ ကိုလက်စထရော များကို လျော့နည်းစေတဲ့ အပြင် သွေးတွင်း သိပ်သည်းဆနည်းတဲ့ အတွက် ဂင်ဂိုဘာလိုဘာ (၁၂ဝ) မီလီဂရမ် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် တစ်မီလီလီတာ အရည်ကို တစ်နေ့ နှစ်ကြိမ် သောက်ရင်
သွေးလည်ပတ်မှု ကောင်းစေတယ်။ အိုမီဂါ(၃) နဲ့ (၆)၊ ဖက်တီးအက်စစ် ပါတဲ့ ယုဒိုချွိုင်း ဟာလည်း သွေး လည်ပတ်မှု ကောင်းစေတယ်။ ဗီတာမင်အီး ၄ဝဝ အိုင်ယူ စားသုံးရင်လည်း
သွေးကြောပိတ်ဆို့မှု ကာကွယ်နိုင်တယ်။ ဗီတာမင်ဘီ (၃) (၃ဝ-၁ဝဝ) မီလီဂရမ်ကို
ဖြည့်စွက် စားသုံးရင် သွေးကြောငယ် အတွင်း သွေးလည်ပတ်မှု ကောင်းစေတယ်။ ပထမဆုံး နိုင်ယာစင် သောက်ရင် အနည်းဆုံး ၃ဝ မီလီဂရမ်က တဖြည်းဖြည်း တိုးသွားသင့်တယ်။ နိုင်ယာစင်ဟာ အရေပြား နီမြန်းစေတယ်။ အခြား ဗီတာမင်စီ အုပ်စုဝင်များ တွဲဖက်စားသုံးနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်များပါတဲ့ အားဆေးမှာ ဗီတာမင်စီ (၁ဝဝ) မီလီဂရမ်နဲ့ ဘိုင်အိုလေ ဗင်နွိုက်တို့ဟာ ဆံခြည်မျှင် သွေးကြော 
ငယ်များကို ပိုမို ကြံ့ခိုင်စေတယ်။

ရင်သားကင်ဆာ ဖြစ်နေသူများ အတွက် တစ်နေ့ကို အင်ဇိုင်း (၁ဝ-၃ဝ) မီလီဂရမ် နှစ်ကြိမ် စားပါ။ ယင်းဟာ ကင်ဆာဆဲလ် ပွားမှုကို ကာကွယ် ပေးတယ်။ တစ်နေ့ (၁ဝဝ) မီလီဂရမ် ကာကွယ်ဖို့ မှီဝဲသင့်တယ်။ လင်ဇင်း၊ ဝှိုက်ထိတ်နဲ့ ဝှိုက်တက်မှိုများ အရည် သို့မဟုတ် ဆေးတောင့် တစ်နေ့ သုံးကြိမ် မှီဝဲပါ။ ဖိုင်ဘာကာသနောကို နေ့စဉ် တစ်ခါသောက် တစ်ပြားနဲ့ တစ်နေ့ သုံးကြိမ်သောက်ပါ။ ပန်းမုန်လာ၊ ဟင်းသီးဟင်းရွက်၊ ကိုက်လန် နဲ့ မုန်ညင်းစားပါ။ မိမိ ရင်သားမှာ မူမမှန်ရင်၊ အဖုအကျိတ် စမ်းမိရင် ဆရာဝန်နဲ့ ပြပါ။ နေ့စဉ်လေ့ ကျင့်ခန်းလုပ်ပါ။ 

ဒေါက်တာလွင်သန့်(ဆေး-၂)
မြဝတီ
ရင်သား ကင်ဆာဘယ်လိုကာကွယ်မလဲ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18