Print

ဦးနှောက်အမြှေးရောင် ရောဂါကုသခြင်း

  25-Feb-2017
Preview Image

ဦးနှောက်အမြှေးရောင် ရောဂါဟာ စောစောလျှင်လျှင် မကုသနိုင်ခဲ့ရင် လူကို သေစေနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရောဂါပိုးအမျိုးအစား ၊ရောဂါပြင်းထန်မှု အတိုင်းအတာ၊ လူနာရဲ့ အသက်အရွယ်ကို လိုက်ပြီး ကုသပုံ ကုသနည်းမတူ နိုင်ပါဘူး။
ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါ ဟာ သာမန်အားဖြင့် (၃)ရက်ခန့် ကြာလျှင် သက်သာတတ်ပြီး (၂) ပတ်ခန့် ကြာလျှင်တော့ အရှင်း ပျောက်ကင်သွား တတ်ပါတယ်။ ဘက်တီးရီးဟား ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေး ရောင် ရောဂါ ဟာ ပို မို အန္တရာယ် များပါတယ်။ 

ဗိုင်းရပ် ပိုးကြောင့် ဆိုလျှင်ဖြင့် အဖျားကျအောင် နာကျင်ကိုက်ခဲမှု သက်သာအောင် ဆေးသောက်ရပါမယ်။ ခန္ဓာကိုယ် ရေဓါတ်ခန်းခြောက် မသွားအောင်
ရေများများ သောက်ဖို့လိုပါမယ်။ သို့ပေမယ့်လည်း အနီးကပ် သတိနဲ့ စောင့်ကြည့်
နေဖို့လိုပါတယ်။ ဓါတ်ခွဲ ခန်းစမ်းသပ်မှု မှာ ဘက်တီးရီးဟာ ပိုးကောင်မတွေ့ရုံ နဲ့ ပေါ့ပေါ့ ဆဆ နေလို့မရပါဘူး။ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်
ရောဂါကိုတော့ အထူး ကြပ်မတ်ကုသဖို့လိုပါတယ်။ ရောဂါဝေဒနာ ပြင်းထန်ပြီး အသက်အန္တရာယ် ပေးနိုင်ပါတယ်။

ပဋိဇီဝဆေးများ
-----------------

ပိုးသတ်ဆေးလို့ လူသိများတဲ့ ပဋိဇီဝဆေးတွေကို သွေးကြောထဲသွင်း ကုသဖို့ လိုပါတယ်။ ပဋိဇီဝ ဆေးတွေကို ပေးရာမှာ ဖြစ်နိုင်ရင် ရောဂါပိုးကောင်ကို သတ်နိုင်တဲ့ သင့်တော်တဲ့ ဆေးဝါးကို ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ Blood culture ခေါ် လူနာရဲ့ သွေးမှ ရောဂါပိုးကောင် မွေးမြူနိုင်ပေမယ့် အဖြေရဖို့ ခက်ခဲလို့ များသောအားဖြင့်တော့ ခန့်မှန်းကုသကြတာ များပါတယ်။

ဦးနှောက်အမြှေးရောင် ရောဂါရဲ့ နောက်ပြဿနာ တစ်ခုက ဦးခေါင်းအတွင်း ဖိအားတက်ခြင်း ဖြစ်ပါတယ်။ ဦးခေါင်းအတွင်း ဖိအားတက်တဲ့ လက္ခဏာတွေ ကတော့ သွေးခုန်နှုန်း နှေးခြင်း၊ အန်ခြင်း၊ သွေးတိုးခြင်း၊ မူးဝေခြင်းတို့ ဖြစ်ပါတယ်။ ဦးခေါင်း အတွင်း ဖိအားတက်နေတယ်လို့ ယူဆတယ်ဆိုလျှင်ဖြင့် စတီးရွိုက်ဆေးဝါးများ အသုံးပြု ဖို့လိုပါတယ်။ စတီးရွိုက်ဆေးဝါးများဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကျဆင်းစေတဲ့အတွက် မလိုအပ်ဘဲ သုံးမိလျှင် ရောဂါဝေဒနာ ပိုဆိုးစေနိုင် ပါတယ်။

အဖျားကျရန်အတွက် ပါရာစီတမော acetaminophen ကဲ့သို့ ဆေးဝါးများ သုံးနိုင် ပါတယ်။ ရေများများ သောက်ရပါမယ်။ အခန်းအတွင်း လေဝင်လေထွက် ကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အဖျား အရမ်းတက်နေသူများအတွက် ရေပတ်တိုက်ခြင်းကလည်း များစွာ အထောက်အကူ ပြုပါတယ်။ တစ်ချို့ ဦးနှောက်အမြှေးရောင် လူနာတွေဟာ 
တက်တတ်ပါတယ်။ဒီလို လူနာတွေကိုတော့ ဆိတ်ငြိမ်ပြီး အန္တရာယ် ကင်းတဲ့ အခန်းမှာ ထားဖို့ လိုပါတယ်။ Phenobarbital ကဲ့သို့ ဆေးဝါးများ ဖြင့် လည်း ကုသ နိုင်ပါတယ်။ 

အောက်ဆီဂျင်ကိုaတာ့ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူနာတိုင်းမှာ ပေးပါတယ်။ တစ်ချို့ကို ပိုက်နဲ့ ပေးပြီး တစ်ချို့ ကိုတော့ အုပ်ဆောင်း (mask) နဲ့ ပေးနိုင် ပါတယ်။ ဦးနှောက် အမြှေးရောင်ရောဂါaကြာင့် ခန္ဓာကိုယ် မှ ရေဓါတ်လိုအပ်မှု များလာပါတယ်။ 
ဒီလိုအချိန်မှာ လူနာအနေ နဲ့ ရေကို လုံလောက်အောင် ဂရုတစ်စိုက် သောက်ဖို့ လိုပါတယ်။ လူနာကိုယ်တိုင် ရေaသာက်နိုင်တဲ့ အနေအထား မရှိလျှင်တော့ ရေဓါတ် မချို့တဲ့ အောင် ဂရုစိုက်aပးရပါမယ်။

ဦးနှောက်အမြှေးရောင်ရောဂါ သည်တွေကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသဖို့ လိုပါတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တာ ကြောင့် ပြည်သူ ကျန်းမာရေး ဆရာဝန် တွေ အနေနဲ့ ရောဂါမပြန့်ပွားအောင် လိုအပ်တဲ့ ကျန်းမာရေး ပညာပေး ခြင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ မိသားစု ဝင်များ ကို ကာကွယ်ဆေး တိုက်ကျွေးခြင်း စတာတွေ
ဆောင်ရွက် သင့် ပါတယ်။ လူနာကို ပြုစု ကုသနေသော ဆေးဝန်ထမ်းများလည်း လိုအပ်လျှင် ကာကွယ်ဆေးများ သောက်သုံးရပါမယ်။

Ref : Public health in Myanmar
        Saturday, October 4, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18