Print

Bronchitis လေပြွန်ရောင်ခြင်း

  25-Feb-2017
Preview Image

လေပြွန်ရောင်ခြင်းဆိုသည်မှာ အဆုတ်အတွင်း လေဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်းခြင်းကို ခေါ်ပါ
တယ်။လပြွန်ပတ်လည်ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့အတူ ချွဲသလိပ်များပြားလာခြင်း
ကြောင့် လေပြွန် ကျဉ်းမြောင်းလာ၍ ချောင်းဆိုးသလိပ်ထွက်ဖြစ်လာပြီး မောလာတတ် ပါတယ်။ လေပြွန်ရောင်ခြင်းကို

1. လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့ 
2. နာတာရှည် လေပြွန် ရောင်ခြင်း (chronic bronchitis)
ဟု ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။လတ်တလော လေပြွန်ရောင်ခြင်း ဆိုသည်မှာ
အချိန်ကာလ ၆ ပတ်ထက် လျော့နည်း၍ လေပြွန်ရောင်ခြင်းကို ခေါ်ပြီး အသက် ရှူ လမ်းကြောင်း ပိုးဝင်မှုကြောင့် ဖြစ်ပေါ်ပါတယ်။ ၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင် မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်။ လက္ခဏာများကတော့ ချွဲသလိပ်ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေအားလျော့လာခြင်း တို့ ဖြစ်ပေါ်တတ်ပြီး အချို့မှာ ဖျားလာြ ခင်း နဲ့ အသက် ရှူရာ တွင် ရင်ကျပ် ပြီး ဝီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွား သူများ တွင်
လည်း လေပြွန် ရောင်ခြင်း ဖြစ်ပေါ် တတ်ပြီး ပန်းနာ ကြောင့် လေပြွန် ရောင်ခြင်း (Asthmatic Bronchitis) လို့ ခေါ်ပါတယ်.. လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ် ပါက 
• အိမ်တွင် လုံလောက် စွာ အနား ယူပါ။
• အရည် များများ သောက်ပေး ပါ။
• ဆေးလိပ် လုံးဝ မသောက် ပါနဲ့။
• ဖျားနာ ကိုက်ခဲ ခြင်းရှိ ပါက ပါရာ စီတမော သောက်နိုင် ပါတယ်။
• ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သုံးပါ။
• ချွဲမထွက် လျှင် (သို့) ချွဲနည်း သွားလျှင် ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) သောက်နိုင် ပါတယ်။
• များသော အားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သဖြင့် ပဋ်ိဇီဝ ဆေး (Antibiotic) များ မလို အပ်ပါ.. ဘက်တီး ရီးယား ကြောင့် ဖြစ်ပါက သင့်တော် သော ပဋ်ိဇီဝ ဆေးလို အပ် ပါတယ်။ ပုံမှန် ကျန်းမာ သောသူ များမှာ လတ်တလော လေပြွန် ရောင်ပြီး နောက်
ပုံမှန်လေပြွန် အခြေအနေသို့ ပြန်ရောက်နိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်း ဆိုသည် မှာ ချောင်းဆိုး ခြင်းဟာ တစ်နှစ် မှာ ၂ လ မှ ၃ လ ဆက်တိုက် ဆိုးပြီး အနည်း ဆုံး နှစ်နှစ် ထိ ဖြစ်ပွား ခြင်းကို ခေါ်ဆို ပါတယ်.. ဆေးလိပ် သောက်ခြင်းဟာ နာတာရှည် လေပြွန် ရောင်ခြင်း ရဲ့ အဓိက အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းဟာ အကြောင်း အမျိုးမျိုး ပေါ် မူတည် ပြီး ဖြစ်ပွားတတ်ပါတယ်။ ပိုးဝင် လေပြွန် ရောင်ခြင်း မကြာ ခဏ ဖြစ်လျှင် သော်၎င်း၊ အသက် ရှူ လမ်းကြောင်း တစ်လျှောက် အမှုန် အငွေ့ တစ်မျိုးမျိုး ကြာရှည် စွာ ထိတွေ့ နေရ လျှင်သော် ၎င်း လေပြွန်အချွဲ မြှေးလွှာအမြဲ ရောင်ရမ်း ပြီး
လေပြွန် မွှေးမျှင် (Cilia) များ ပျက်စီးကာ နာတာရှည် လေပြွန် ရောင်ခြင်း
ဖြစ်ပေါ် စေပါတယ်။ ကျောက်မီးသွေးမိုင်း လုပ်သားများ၊ သီးနှံဆွတ်ခူးရသူများ၊
သတ္တု လုပ်ငန်း လုပ်ကိုင် သူများ သည် အခြား သူများ ထက် နာတာ ရှည်
လေပြွန် ရောင်ခြင်း ပိုမို ဖြစ်ပွား ကြောင်း တွေ့ရ ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း
ဖြစ်ပွားလျှင်

• ဆေးလိပ် လုံးဝ ဖြတ်ရ ပါမယ်။
• ဆရာဝန် ညွှန်ကြား မှု မရှိပဲ ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) များကို မသုံး ရပါ.. ချွဲပျော်ဆေး (Expectorant) များကို အသုံး ပြုနိုင် ပါတယ်။
• လေပြွန် ကျဉ်းမြောင်း ခြင်း (Bronchoconstriction) ဖြစ်ပေါ် ပါက လေပြွန် ကျယ်ဆေး (Bronchodilator) နဲ့ စတီး ရွိုက်ဆေး (Steroid) များကို အသုံး ပြုနိုင် ပါတယ်။
• သလိပ် အရောင် ပြောင်းခြင်း၊ ပုံမှန်ထက်များ လာခြင်း ဖြစ်ပေါ် ပါက သင့်တော်သော ပဋိဇီဝ ဆေးကို (၅) ရက်မှ (၁၀) ရက်ထိ သောက်ရ ပါမယ်။

လေပြွန် ရောင်ခြင်း မဖြစ် စေရန် ဆေးလိပ် မသောက်ရပါ။ မိမိနေအိမ်တွင်း
ဆေးလိပ်သောက်ခြင်းကို တားမြစ်ရပါမယ်။ လူထူထပ်သော၊ အခိုးအငွေ့ များသော၊ ဖုံမှုန် ထူထပ်သော နေရာများကို ရှောင်ရှားရပါမယ်။ အအေး မိဖျား နာပါက လုံလောက် စွာ အနား ယူပါ။ ဆရာဝန် ညွန်ကြား သည့်ဆေး ကို လိုက်နာ သောက်သုံး ပါ။ အာဟာရ
ပြည့်ဝစွာ စားသုံးပါ။ မကြာခဏ လက်ဆေးပါ။ အစားအသောက်၊ အသုံးအဆောင် ပစ္စည်းများ မျှဝေသုံးစွဲ ခြင်းရှောင် ကြဉ်ပါ။ နာတာရှည် လေပြွန်ရောင်သူ များဟာ အေးသောရာသီတွင် နွေးထွေးစွာ ဝတ်ဆင်ခြင်းဖြင့် အအေးမမိအောင် ကာကွယ်
နေထိုင်ပါ။ နမိုးနီးယား ကာကွယ် ဆေး(Pneumonia Vaccine)၊ တုပ်ကွေး ကာကွယ်
ဆေး (Flu Vaccine) များ ကို ထိုးနှံ ထားပါ။ အစ ရှိသဖြင့် ကာကွယ် နေထိုင် သင့်ပါ
ကြောင်း ရေးသား လိုက်ရပါတယ်။ အားလုံး အဆုတ်ရောဂါ အပေါင်းမှ ကင်းဝေး ကြပါစေ။

Ref : Public health in Myanmar
Tuesday, September 29, 2009



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18