Print

Cancer

  25-Feb-2017
Preview Image

ကင်ဆာရောဂါ ဘာကြောင့်ဖြစ်လဲ။ ဘာတွေကိုကာကွယ်လို ့ရမလဲ။
ကင်ဆာဆိုသည်နှင့် ကျွန်တော်တို ့မြန်မာတော်တော်များများ ပြေးမြင်ကြသည်မှာ ကင်ဆာသည် အတိတ်က ကံကြောင့်ဖြစ်သည့် ဝဋ်နာကံနာဟု ယူဆကြသည်။ ဘာတွေကြောင့် ဖြစ်တယ်ဆိုတာကို သိပ်မသိကြပါ။ ယနေ ့ ခေတ်မှာ ကင်ဆာနဲ ့ ပက်သက်တဲ့ ဘာသာရပ်တွေ အလျင််အမြန် တိုးတက်နေပါတယ်။ ဒါကြောင့် ကုသမှ ု ရလဒ်တွေလဲ အလွန်ကောင်းမွန်လာပါပြ ီ။ သို ့သော် မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံး ဖြစ်တဲ့အတွက် ရောဂါဖြစ်ရခြင်း
အကြောင်းရင်းကို သိထားဖို ့လိုပါတယ်။ ဒီရောဂါတွေမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းဆိုတာထက် ဖြစ်စေနိုင်သော အကြောင်းရင်းများဆိုရင် ပိုမိုမှန်ကန်ပါမယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သော 
ရာခိုင်နှ ုန်းများလေပါပဲ။ ဒီတော့ အဲဒီအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အစားအစာများ ။ အချို ့အစားအသောက်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေက ကင်ဆာဖြစ်ပွားမှ ု ဖြစ်စဉ်ကို အားပေးပါတယ်။ ကိုယ့်မှာ အဲဒီအစားအစာတွေ များများစားတဲ့အလေ့အထရှိရင် ဆင်ခြင်သင့်ပါတယ်။

- မီးကင်ထားသောအစားအစာများ (Nitrosamine)

- အရောင်တင်ထားသောအစားအစာများ

- ဆိုဒါပါသောအစားအစာများ

- အဆီများသောအစားအစာများ

- ကာဗိုဟိုက်ဒရိတ်များသောအစားအစာများ (ဥပမာ - ဆန်၊ အာလူး၊ ပဲ၊ ပေါင်မုန် ့)

- မိိှ ုတွယ်သောအစားအစာများ

အထူးသဖြင့် အစာခြေလမ်းကြောင်းနှင့် အစာစွန် ့ပစ်လမ်းကြောင်း တွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်းတွေမှာ ကင်ဆာရောဂါတွေ
ဖြစ်တတ်ပါတယ်။

ကင်ဆာဖြစ်ပွားမှ ုဖြစ်စဉ်ကို ဟန် ့တားနိုင်သော အစားအစာတွေကတော့

- ဗီတာမင်အေ ပါဝင်သော အစားအစာများ (ဥပမာ- အသည်း၊ ထောပတ်၊ ဥ၊ မုန်လာဥနီ၊ အဝါရောင်ပါသောသစ်သီးများ)

- ဗီတာမင်စီ ပါဝင်သော အစားအစာများ (ဥပမာ- ဆီးဖြူသီး၊ ချဉ်သောအသီးအနှံများ)

- ဗီတာမင်အီး ပါဝင်သော အစားအစာများ (ဥပမာ- မြေပဲ၊ နှံစားပြောင်း၊ အစေ့များ၊
နေကြာဆီ၊ ပဲပိစပ်) စတာတွေဖြစ်ပါတယ်။ ဒီစားသောက်မှ ုအလေ့အထတွေဟာ
ကင်ဆာရောဂါဖြစ်ပွားမှ ု တွေရဲ ့၃၅% အကျုံးဝင်နေတာတွေရပါတယ်။

(၂) ဆေးလိပ် နှင့် ဆေးရွက်ကြီး(ကွမ်း)။ ဆေးလိပ်ငွေ ့မှာ ကင်ဆာရောဂါဖြစ်ပွားမှ ု
ဖြစ်စဉ်ကို ဖြစ်စေနိုင်တဲ့ 3,4 Benzpyrene, Polonium 210, Nicotine, Cyanhydric acid, Ammonia, Lead, Cadmium, Chromium, Carbon monoxide, Arsenic trioxide စတာတွေပါရှိပါတယ်။အဲဒီဒြပ်ပေါင်းတွေကြောင့်နှ ုတ် ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ် စတဲ့ တိုက်ရိုက် ထိတွေ ့နေတဲ့ အစိတ်အပိုင်း
တွေအပြင် ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့အစိတ်အပိုင်းတွေမှာပါ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်နဲ ့ဆေးရွက်ကြီးဟာလဲကင်ဆာဖြစ်ပွားမှ ု တွေရဲ ့၃၀%ခန် ့ ပက်သက်နေတာတွေ ့ ရပါတယ်။

(၃) ဗိုင်းရပ်(စ်)များ။ အောက်ပါဗိုင်းရပ်(စ်)တွေဟာကင်ဆာဖြစ်ပွားမှ ုတွေနဲ့
၁၀%လောက်ထိ ပက်သက် နေတာတွေ ့ရပါတယ်။ 

- Infectious mononucleosis လို ့ခေါ်တဲ့ ကိုယ်ပူခြင်း၊ အကျိတ်များရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများဖြစ်တတ်သည့် ရောဂါကို ဖြစ်စေသောEbstein-Barr Virus

- အသည်းရောင်ရောဂါဖြစ်စေသော အသည်းရောင်ရောဂါဗိုင်းရပ်(စ်) ဘီပိုး၊ စီပိုး (HBV, HCV)

- အဖုအကျိတ်များဖြစ်စေသော Human Papilloma Virus (HPV)

- သွေးကင်ဆာဖြစ်စေသော HTLV

- HIV
ဒါတွေကိုတော့ထပ်မရှင်းတော့ပါဘူး။ ဘီပိုး၊ စီပိုး နဲ ့အိပ်(ချ်)အိုင်ဗီပိုးတွေကတော့ အတော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းများ။ ဟော်မုန်းတွေဟာလဲ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အမျိုးသမီးတွေမှာတော့ 

- ရာသိီဦး စောခြင်း (Early menarche)

- သွေးဆုံးနောက်ကျခြင်း (late menopause)

- သားသမီးမရခြင်း

- ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း

- ကာလရှည်ကြာစွာ တားဆေးများသုံးခြင်း

- ကိုယ်ဝန်မကြာခဏပျက်ကျခြင်း

- ဟော်မုန်းနှင့်ကုသခြင်း (Hormone Replacement Therapy) စတာတွေဟာ အထက်ပါ ကင်ဆာရောဂါ တွေနဲ ့ပက်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

(၅) မျိုးရိုးလိုက်ခြငး်။ ကင်ဆာရောဂါဟုယူဆရသော အခြေအနေတွင် ဆရာဝန်များ
မေးလေ့ရှိသော မေးခွန်းမှာ ဆွေမျိုးသားချင်းထဲတွင် အလားတူ ကင်ဆာရောဂါမျိုး
ဖြစ်ဖူးသလား ဟူ၍ ဖြစ်သည်။ မျိုးရိုးလိုက်ခြင်း သည်လည်းကင်ဆာရောဂါဖြစ်ပွားမှ ု
ဖြစ်စဉ်တွင် ၁၀%ထိပက်သက်မှ ုရှိသည်။ မျိုးရိုးလိုက်သော ကင်ဆာ ရောဂါများ၏ ထူးခြားချက်မှာ အသက်ငယ်စဉ်မှာပင်စတင်ဖြစ်ပွားခြင်း၊ ပထမအဆင့်ပက်သက်သော
ဆွေမျိုး (ဥပမာ-အဖေ၊အမေ၊မောင်နှမ)တွင် ကင်ဆာဖြစ်ဖူးခြင်း၊ ဒုတိယအဆင့်
ပက်သက်သောဆွေမျိုး နှစ်ဦးထက် မနည်းတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း၊ အသက်ရှင်မှ ု မျှော်လင့်ချက်ကောင်းခြင်းတိုု ့ ဖြစ်သည်။

(၆) ဓါတ်ရောင်ခြည်သင့်ခြင်း။ ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့် အထူးသဖြင့်
သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့
ရောဂါတွေကိုဖြစ်စေပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ဥပမာတွေကတော့ ဟီရိုရှီးမား၊ နာဂါစကီအနုမြူဗုံးကျဲမှ ု၊ ရုရှား ချီနိုဘီး(လ်)စကာရားအနုမြူဓါတ်ပေါင်းဖို မတော်တဆမှု့
တွေပါ။ ထိုသို ့သော လူအမြောက်အမြားဖြစ်ပွားစေသော အနုမြူှဓါတ်ရောင်ခြည်မျိုး
သာမက ဓါတ်ရောင်သင့်စေသော ကုသမှ ုများသည်လည်း ကင်ဆာဖြစ်စေနိုင်မှ ုကို တိုးပွားစေသည်။

(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှ ုများ။ ကားအိတ်ဇော၊ စက်ရုံများမှထွက်သောဓါတ်ငွေ ့ များသည် အသက်ရှူ လမ်းကြောင်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားစေသည်။ ဓါတုဗေဒစက်ရုံများ၊ အထည်စက်ရုံများ၊ သတ္တုစက်ရုံများမှ စွန် ့ပစ်ပစ္စည်းများကို သန် ့ စင်ခြင်းမရှိဘဲ (သို ့) သန် ့စင်မှ ုအဆင့်အတန်းမပြည့်ဘဲ မြစ်၊ ချောင်းများသို ့စွန် ့ပစ်ခြင်း သည်လည်း လူအမြောက်အမြားကို ကင်ဆာဖြစ်စေသော အကြောင်းအရာတစ်ခု
ဖြစ်သည်။

(၈) ကာလရှည်စွာနေလောင်ခံခြင်း။ အရေပြားကင်ဆာများ၏ အဓိက
အကြောင်းရင်းဖြစ်သည်။ အနောက် နိုင်ငံများတွင် အဖြစ်များသောရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ၊ သွေးကင်ဆာဖြစ်ပွားမှ ု တွေနှင့်လည်း ဆက်စပ်သည် ဟုဆိုကြသည်။

(၉) အရက်။ အသည်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာများ၏ လက်သည်တရားခံတစ်ဦး ဖြစ်သည်။ အယ်(လ်)ကိုဟောပါဝင်မှ ု၊ သောက်သုံးမှု့
ပမာဏ နှင့် ကာလကြာရှည်မှ ုတို ့မှာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကာ(လ်)ဗာဒေါ့(စ်) ဟူသည့် ပန်းသီးဘရမ်ဒီ ကိုသောက်လေ့သောက်ထရှိသော
ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် အစာပြွန်ကင်ဆာဖြစ်ပွားမှ ုမှာ စပျစ်ဝိုင်သောက်လေ့ရှိသော
တောင်ပိုင်းထက် အဆမတန်ပိုမိုများပြားသည်ကို တွေ ့ရှိရသည်။အဆိုပါအချက်များမှာ
ယေဘုယျအဖြစ်များသော အချက်များဖြစ်ပြီး ကင်ဆာရောဂါအမျိုးအစားအလိုက် သီးခြားအချက်များလည်း ရှိပါသည်။ မည်သို ့ဆိုစေ မိမိ၏ နေထိုင်စားသောက်မှ ု
စတိုင်(လ်)ကို အကဲဲဖြတ် နိုင်လောက်ပြီဟု ယူဆပါသည်။ ကင်ဆာရောဂါမဖြစ်ပွားအောင် ရာနှ ုန်းပြည့် မဟုတ်သော်လည်း အတတ် နိုင်ဆုံး မည်သို ့ ကာကွယ်နိုင်သည်ကို သိရှိနိုင်ပြီဟု ယူဆပါသည်။ 

Ref : public health in Myanmar
Saturday, March 1, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18