ကြွက်တက်ရင်ဘယ်လို့လုပ်ရမလညး် အရေးပေါ်အနေနဲ့ဆိုရင်ဆရာ။


Author Post

ကွက်တက်နေရင် ချက်ချင်း ပက်လက်အနေအထားပြောင်းအိပ်ပြီး ဒူးနှစ်ဖက်ကွေးထောင်ထားပါ။ ကွက်တက်နေတဲ့ ခြေထောက်ကို တစ်ဖက်ဒူးပေါ်တင်ပြီး နှိပ်နှယ်ပေးရပါမယ်။ ရေကူးရင်း ကွက်တက်ကြတဲ့သူတွေလည်း အဖြစ်များတာမို့ ရုတ်တရက် ကွက်တက်လာပြီဆို ရေထဲကနေထွက်ပြီး ကန်ပေါင်ပေါ်တက်ကာ အထက်က ပြောခဲ့သလို လုပ်ပေးရပါမယ်။ များသောအားဖြင့် ကွက်တက်တာဟာ စက္ကန့်ပိုင်းကနေ မိနစ်အထိပဲ ကြာတတ်ပြီး ပျောက်ကင်းသွားတတ်ပါတယ်။ အိပ်ရင်း ကွက်တက်တယ်ဆို ခြေထောက်ကွေးအိပ်တဲ့ အနေအထားကနေ ခြေထောက်ဆန့်အိပ်တဲ့ အနေအထားကို အမြဲအိပ်မယ်ဆို အဆင်ပြေပါမယ်။ ခဏခဏ ကွက်တက်လေ့ ရှိတယ်ဆိုရင်တော့ သွေးတွင်း ကယ်လ်ဆီယမ် နည်းခြင်းရဲ့ လက္ခဏာလည်းဖြစ်တာမို့ လိုအပ်ရင် သွေးစစ်စမ်းသပ်တာတွေ ပြုလုပ်သင့်ပါတယ်။

Advertisment 10

Advertisment 10

Advertisment 10