Print

(၃၈ ) ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းညီလာခံ ၂ဝ၁...

  20-Jan-2018
Preview Image

ရန်ကုန်  ဇန်နဝါရီ  ၁၈ (၃၈) ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းညီလာခံ ၂ဝ၁၈ ကို ယနေ့တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။ အဆိုပါညီလာခံ၌   သွားနှင့်ခံတွင်းပညာရပ်၏ တွေ့ရှိချက်အသစ်များကို နိုင်ငံရပ်ခြားနှင့် ပြည်တွင်းမှ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များနှင့် သွားနှင့်ခံတွင်း ဆေးဘက်ဆိုင်ရာ ကုမ္ပဏီပေါင်း ၂ဝ  ကျော်တို့ ပူးပေါင်းဝေမျှ ပေးခဲ့ပြီး  သွား နှင့်ခံတွင်း ကျန်းမာရေးကို မြှင့်တင်ပေးရန် ဆစ်ဂနယ် (Signal) သွားတိုက်ဆေးမှ ပံ့ပိုး ကူညီခဲ့သည်။ 


''မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာ  သွားပိုးစား ခြင်းကို  ခံစားနေရပါတယ်။  သွားပိုးစားခြင်း အဓိကဖြစ်စေတာက သွားနဲ့ခံတွင်းကို သန့် ရှင်းရေးမလုပ်တာ၊ သွားကို သေသေချာချာ သန့်စင်ပေးခြင်း မရှိတာတွေကြောင့် ဖြစ် တာပါ။ ကလေးတွေမှာဆိုလည်း သွားပိုးစား တာကို သေချာစွာကုသခြင်း မရှိရင် ဝေဒနာ ပိုခံစားရပါတယ်။ 


အဲဒါကြောင့် ကမ္ဘာ့သွား ကျန်းမာရေး အဖွဲ့အစည်း (FDI) က အသိအမှတ်ပြုတဲ့ သွားတိုက်ဆေးတွေနဲ့ ပုံမှန်တိုက်ပြီး သွားပိုးစားတာကို ကာကွယ်နိုင်ပါတယ်'' ဟု မြန်မာနိုင်ငံ  သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ   အသင်းဝင်ဒေါက်တာ နှင်းနွယ်ဖြိုး ကပြောသည်။


 ပြည်တွင်း၌ သွားနှင့်ခံတွင်း ကျန်းမာရေးကို မြှင့်တင်ပေးရန် အစီအစဉ် အမျိုးမျိုးကို Signal သွားတိုက်ဆေးမှ  လုပ်ဆောင်ပေးနေပြီး ကလေးငယ်များ မှန်ကန်သည့် သွားတိုက်နည်းစနစ်ကို သိရှိစေရန်နှင့် ပုံမှန်သွားတိုက်သည့် အလေ့အထရရှိစေရန်  သွားကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာကို  ဖြန့်ဝေပေးနေကြောင်း၊  လက်ရှိတွင် ကလေးငယ်ပေါင်း  ၃ ဒသမ ၃ သန်းကို  အသိ ပညာဖြန့်ဝေပေးနိုင်ခဲ့ပြီး ၂ဝ၂ဝ  ပြည့်နှစ်တွင်  ကလေးငယ်ပေါင်း ခြောက်သန်းကို   အသိပညာ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။                 


Credit : မြဝတီ    



Related Articles


Advertisment 18