ငှက်ဖျားဆေးတု ၁ မျိုး စစ်ဆေးတွေ့ရှိကြောင်း အသိပေးကြေညာ
19-Jan-2018
မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိတဲ့ ငှက်ဖျားဆေး အတုတမျိုးကို အများပြည်သူ သိရှိစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။
ဈေးကွက်ရှိ ဆေးဝါးတွေကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ ဆေးဘူးပေါ်မှာ ဖော်ပြချက်အရ Henan Dekang Pharmaceutical Co.,Ltd., ထုတ် မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်မရှိတဲ့ Quinine Dihydrochloride 0.5g/ml ဆေးဝါးဟာ ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဆေးဝါးအတု၊ စံမညီဆေးဝါးတွေကို မှီဝဲတဲ့ ရောဂါဝေဒနာရှင်တွေဟာ စရိတ်ကုန်ကျတဲ့အပြင် ရောဂါပျောက်ကင်းခြင်း လုံးဝမရှိဘဲ ပိုမိုဆိုးရွားတဲ့အခြေအနေ ခံစားရမယ့်အပြင် အသက်အန္တရာယ်လည်း ရှိနိုင်တယ်လို့ သိရပါတယ်။
ဆေးဝါးတင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေနဲ့ ဆေးဆိုင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ၊ ဆေးဝါးအတုတွေနဲ့ စံမညီဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူး ရောင်းချတာကို ကျင့်ဝတ်အရ လုံးဝ မပြုလုပ်ကြဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆို အရေးယူမယ်လို့ သက်ဆိုင်ရာက အသိပေးထားပါတယ်။
Credit : dvbnews
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

