Print

အမြင့်မှပြုတ်ကျလျှင်

  30-Oct-2016
Preview Image

- လူနာကိုဘေးကင်းရာသို့ရွေးပါ။

- သတိရမရ လူနာကိုခေါ်ကြည့်ပါ။ အမည်မေးပါ။

- အသက်ရှူ / မရှူကြည့်ပါ။

- ပါးစပ်ထဲသွေးများ၊ ပြင်ပပစ္စည်းများဖြင့် လေပြွန်ပိတ်ဆို့နေမနေ ကြည့်ပါ။ (ပိတ်နေပါကဖယ်ပါ)။

- နှလုံးခုန်မခုန်ကြည့်ပါ။ (အသက်မရှူ နှလုံးမခုန်ပါက CPR လုပ်ပေးပါ။)

- ခေါင်းကိုထိထားသည်များရှိမရှိ အခြားအရိုးများကျိုးပဲ့သောနေရာ၊

- သွေးအလွန်ထွက်နေသောနေရာ ရှိ/မရှိ တစ်ကိုယ်လုံးစစ်ဆေးပါ။

- ဒဏ်ရာပြင်းထန်ပါက ဆေးရုံအမြန်ဆုံးပို့နိုင်ဖို့ ဆောင်ရွက်ပါ။ ဘေးကလူများကို အကူအညီတောင်းပါ။

- သွေးထွက်သောနေရာကို သွေးမလွန်အောင် အဝတ်ဖြင့် ဖိကပ်ထားပါ။

(မတင်းမကျပ်စည်းထားပါ။)

- ခေါင်းခိုက်မိထားသောလူနာ၊ ဆိုင်ကယ်အက်ဆီဒင့်၊ ကားအက်ဆီဒင့်ဖြစ်၍ ကျောရိုး၊ လည်ပင်းရိုး ခိုက်မိထားသည်ဟု သံသယရှိပါက လူနာကို ပက်လက်နေရာ မရွေ့စေပဲ

ဆေးရုံအမြန်ပို့ပါ။

- ခွေခေါက်ပို့ခြင်းက ကျောရိုးရှိ နာဗ်ကြောများဖိမိ၍ ပိုမိုဆိုးဝါးသော အခြေအနေ

ဖြစ်စေပါသည်။

 

Ref:

Myanmar First Aid

19.10.2015

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18