Print

လူနာ ဂွစာ (၁၆)

  20-Mar-2017
Preview Image

ဆေးခန်းတွင် ဖြစ်သည်... ကိုဂွစာ ကလေးငယ်ကိုချီပြီး ဆေးခန်းလာပြသည်... ကလေး ပေါင်ချိန်စက် ပျက်နေသဖြင့် လူကြီး ပေါင်ချိန်စက်ပေါ်တွင် ချိန်ရန် ဆရာမက ညွှန်ကြားသည်...

"ပထမဆုံး ကလေးရော ကလေးအဖေပါ ပေါင်ချိန်စက်ပေါ် တက်ချိန်ပါ... ပြီးရင် ကလေးအဖေ ပေါင်ချိန်စက်ပေါ် တက်လိုက်ပါ... နောက်ပြီး နုတ်လိုက်ရင် ကလေးရဲ့ ကိုယ်အလေးချိန်ကို ရပြီပေါ့ရှင်..."

ကိုဂွစာ ကန့်ကွက်သည်...

"မဖြစ်ဘူး..."

"ဘာဖြစ်လို့လဲရှင့်??"

"ကျွန်တော်က ကလေးအဖေမဟုတ်ဘူး... သူ့ဦးလေးဗျ..."

:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18