ဒေါက်တာဂွစာ (၂၂)
20-Mar-2017
"ခင်ဗျား ကျုပ်ဆီအရောက် နောက်ကျတယ်ဗျာ..."
ဒါ ဒေါက်တာ ဂွ၏ လက်သုံးစကား... ဘယ်လူနာ လာလာ ဒီလိုပဲ သူပြောသည်... သူကု၍ရလျှင် အရောက်နောက်ကျတာတောင် သူကုနိုင်သည်... ကုမရလျှင် ပြောသားပဲ လာတာ နောက်ကျတာကိုးပေါ့...
တစ်နေ့တော့...
"ဆရာရေ... ခွေးကိုက် ခံလိုက်ရလို့ဗျ... အား.. ကျွတ် ကျွတ်..."
ဒေါက်တာ ဂွ လူနာကို စစ်ဆေးပြီးနောက်.. ထုံးစံအတိုင်း
"အေးဗျာ... ကျုပ်ဆီအရောက် နောက်ကျတယ်ဗျ..."
"နောက်မကျပါဘူး ဆရာ... ကျွန်တော် ဆရာ့ဆီ အမေ့အတွက် ဆေးလာဝယ်ရင်း အခု ဆေးခန်းရှေ့တင် အကိုက်ခံလိုက်ရတာဗျ..."
ဒီအခါ စိတ်တိုတိုနဲ့ ဒေါက်တာဂွ ပြန်ပြောလိုက်တာက-
"အဲဒါကြောင့် အရောက် နောက်ကျတယ် ပြောတာပေါ့... တကယ်ဆို ခွေးကိုက်မခံရခင်ကတည်းက ကျုပ်ဆီရောက်လာသင့်တာ... ရှင်းလား!!!"
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

