Print

ဒေါက်တာဂွစာ (၂၁)

  20-Mar-2017
Preview Image

လူနာတစ်ယောက် ဘာကြောင့်မှန်းမသိ နေမကောင်း၍ ဒေါက်တာ ဂွထံ ရောက်လာသည်...


"ခင်ဗျား... အရက်သောက်တတ်လား?"


"မသောက်တတ်ပါဘူး ဆရာ..."


"ဆေးလိပ်ရော...?"


"ဟင့်အင်း..."


"ကွမ်းယာဗျာ..."


"နိုးပါ... ဆရာ..."


"ဒါဖြင့် အပျော်အပါး လိုက်စားတာမျိုးရော...?"


"အဲဒါလည်း မရှိပါဘူး ဆရာ..."

"အင်း... ဒါဆိုရင်တော့ ခက်ပြီ..."


"ဘာဖြစ်လို့လဲ ဆရာရယ်... ပြောပါဦး..."


"ခင်ဗျားက အဲဒါတွေ တစ်ခုမှ မလုပ်တော့ ကျုပ်က ဘာကို ဖြတ်လိုက်ပါလို့ ပြောမရလို့တော့ဗျ.!!!"
:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18