Print

ဒေါက်တာဂွစာ (၁၇)

  05-Mar-2017
Preview Image

ဒေါက်တာဂွထံ လူနာတစ်ယောက် ရောက်လာပြီး
"ဆရာ... ကျွန်တော် ညတိုင်း အိပ်မက်မက်တယ်... အိပ်မက်ထဲမှာ နန်းဝတ်နန်းစားနဲ့ လူတစ်ယောက် ပေါ်လာပြီး ရှူရှူးပေါက်ရအောင်လို့ အမြဲပြောတယ်ခင်ဗျ... အဲလိုပြောပြီး အိပ်ယာကနိုးတာနဲ့ ကျွန်တော့်ကုတင် တစ်ခုလုံး စိုနေအောင် ကျွန်တော် ရှူးတွေပေါက်ချမိတော့တာပါပဲ..."
"ဒါဆို ဒီညကျ အိပ်မက်ထဲကလူ ပေါ်လာပြီး ရှူးပေါက်ရအောင်လို့ ပြောရင် ပေါက်ပြီးပြီလို့ ပြောကြည့်ပါ..."

နောက်တစ်ရက်ရောက်သော် ထိုလူနာရောက်လာ၏...

"ဘယ်လိုလဲ... ရှူးမပေါက်ချတော့ဘူးမလား..."
"ဟုတ်ကဲ့... ရှူးမပေါက်ချတော့ပါဘူးဆရာ..."
"ဟဲဟဲ... ဒေါက်တာဂွ ပါဗျာ..."
"ဟုတ်ကဲ့... ပြဿနာက ဆရာ အကြံပေးတဲ့အတိုင်း ရှူးပေါက်ရအောင်ဆိုတော့ ကျွန်တော်က ပေါက်ပြီးပြီလို့ ပြောလိုက်တယ်... အဲတော့ သူက အီအီးပါရအောင်တဲ့ ခင်ဗျ... :( :( :( "

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18