| ဆေးအမည် | Bisporl (ဘစ်စပရော်လ်) |
| ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Bisprolol Hemifu marate USP … 2.5 mg/ 5 mg |
| ဆေးအမျိုးအစား | သွေးတိုးရောဂါနှင့် နှလုံးရောဂါကုဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ရင်ဘတ်စူးအောင့်ရောဂါများတွင် အသုံးပြုနိုင်သည်။ |
| ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
| ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) ပြား၊ တစ်နေ့တစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက် အတိုင်း သောက်သုံးနိုင်သည်။ |
| ဘေးထွက်ဆိုးကျိုးများ | နှလုံးခုန်နှေးခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ မူမမှန်ဖြစ်ခြင်း၊ မောပန်းလွယ် ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ နှလုံးသွေးလန့်ဖူးသူများ၊ ဒုတိယနှင့် တတိယအဆင့် နှလုံးသွေးကြောပိတ်ဖူးသူများ မသောက်သုံးသင့်ပါ။ |
| ထုတ်လုပ်သည့် Company | Aristopharma Ltd. (ဘင်္ဂလားဒေ့ရှ်) |
| တင်သွင်းသည့် Company | KtZ Co., Ltd. |