| ဆေးအမည် | Olyne - Dek (အိုလိုင် - ဒက်ခ်) |
| ပါဝင်ပစ္စည်း | ဓာတ်ဆားမှုန့် (၁) ထုပ်တွင် Dextrose Anhydrous … 15 g. Sodium Chloride … 2.65 g. Potassium Chloride … 1.15 g, Sodium Citrate dehydrate … 2.2g. |
| ဆေးအမျိုးအစား | ဓာတ်ဆား။ |
| အသုံးပြုနိုင်သောရောဂါများ | ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းနှင့် ချွေးထွက်လွန်ခြင်းတို့ကြောင့် ရေနှင့်ဓာတ်ဆား ဆုံးရှုံးသွားသူများ သောက်သုံးနိုင်သည်။ |
| ဆေး၏ပုံသဏ္ဍာန် | ဓာတ်ဆားမှုန့်။ |
| ဆေးအချိန်အဆ | ဓာတ်ဆား (၁) ထုပ်ကို ရေ (၇၅၀) မီလီလီတာဖြင့် ဖျော်၍ သောက်သုံးနိုင်သည်။ တစ်နေ့ (၂) ထုပ် သောက်ပေးပါ။ |
| ဘေးထွက်ဆိုးကျိုးများ | နည်းပါသည်။ |
| ဆရာ၀န်ညွှန်ကြားချက် | မလို။ |
| ကြိုတင်သတိပြုရန်အချက်များ | ကျောက်ကပ်နှင့် နှလုံးမကောင်းသူများ သတိပြုသောက်သုံးပါ။ ရေနွေး၊ ရေပူဖြင့် မဖျော်ပါနှင့်။ |
| ထုတ်လုပ်သည့် Company | Thai P.D. Chemicals Co., Ltd. (ထိုင်း) |
| တင်သွင်းသည့် Company | R.Oasis Co., Ltd. |