| ဆေးအမည် | Minidiab (မီနီဒိုင်းရပ်ဘ်) |
| ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Glipizide … 5 mg. |
| ဆေးအမျိုးအစား | ဆီးချိုသွေးချိုရောဂါကုဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | ဆီးချိုသွေးချိုရောဂါကုသရန်နှင့် ထိန်းသိမ်းရန်။ |
| ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
| ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) ပြား (အစာမစားမီ နာရီဝက်ကြိုသောက်ပါ)၊ တစ်နေ့ (၃) ကြိမ် (သို့) ရောဂါအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
| ဘေးထွက်ဆိုးကျိုးများ | ခေါင်းမူးခေါင်းကိုက်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ လက်တုန်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နုံးချည့်ခြင်း။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ရှင်များ၊ ဆီးချိုရောဂါကြောင့် သတိမေ့နေသူများ၊ ကီတုန်းအက်ဆစ်များနေသူ များ မသောက်သုံးသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသောက်သုံး ပါ။ |
| ထုတ်လုပ်သည့် Company | Pfizer Co., Ltd. |
| တင်သွင်းသည့် Company | Mega Lifesciences Ltd. |