Print

ဆောင်းရာသီမှာ အသားအရေလှပအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

  09-Dec-2020
Preview Image

ဆောင်းရာသီမှာ အသားအရေလှပအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

          ရာသီဥတုအပြောင်းအလဲဟာ အသားအရေအတွက် ဖိစီးမှုတွေ မျိုးစုံပေးနိုင်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့အေးမြတဲ့ဆောင်းရာသီမှာ အရေပြားဟာ အထိခိုက်နိုင်ဆုံးဖြစ်ပါတယ်။ ဒီရာသီမှာ အသားအရေ sensitive ဖြစ်သူတွေ၊ နဂိုအသားအရေခြောက်သွေ့ပိုင်ရှင်တွေက အသားပက်ကြတာ၊ အသားကွဲကြတာတွေ အဖြစ်များကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အေးမြပေမယ့်လည်း အသားအရေအတွက် ကြမ်းတမ်းစေတဲ့ ဆောင်းရာသီလို ရာသီမျိုးမှာ အသားအရေကျန်းမာရေးကောင်းအောင်၊ အသားအရေ စိုပြေလှပနေအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီလိုနည်းလမ်းလေးတွေနဲ့ ရှောင်ကြဉ်စရာအချက်လေးတွေကို ဂရုတစိုက်နဲ့ ပြုမူလိုက်နာမယ်ဆိုရင် ဆောင်းရာသီမှာ လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

() သဘာဝခြံထွက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို စားပါ။

          ဆောင်းရာသီဆိုတာ Antioxidant လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ ပေါများတဲ့ ရာသီလည်းဖြစ်ပါတယ်။ လူကြိုက်များတဲ့ ဘယ်ရီသီးတွေ၊ စတော်ဘယ်ရီ၊ သလဲသီးနဲ့ ဖရုံသီးစတဲ့ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်စားသုံးပေးမယ်ဆိုရင် အရေပြားကို အတွင်းပိုင်းကသာမက အပြင်ကိုပါ အားဖြည့်ပေးပြီး နုပျိုလှပတဲ့အသားအရေကို ပေးစွမ်းနိုင်မှာပါ။

() နေပူဆာ အလွန်အကျွံမခံပါနဲ့။

          နေပူဆာ အလွန်အကျွံလှှုံတာက အရေပြားကို ပိုခြောက်သွေ့စေပါတယ်။ အရေပြားပေါ်က အစိုဓါတ်ကိုပျောက်စေတဲ့အတွက် ခြောက်သွေ့ပြီး ပက်ကြားအက်နေတဲ့ အသားအရေဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နေရောင်ဒဏ်ခံပြီး အနွေးဓါတ်ကို ယူမယ်ဆိုရင် သင့်တော်ရုံအချိန်အထိသာ ယူသင့်ပြီး နေရောင်အောက်သွားမယ်ဆိုရင် နေရောင်ကာလိမ်းဆေး SPF ၃၀ နဲ့အထက်ပါတဲ့ လိမ်းဆေးကို အသုံးပြုသင့်ပါတယ်။

() အစိုဓါတ်ထိန်း Moisturizer ဆေးရည်သုံးပါ။

          ဆောင်းရာသီဟာ Moisturizer အစိုဓါတ်ထိန်းဆေးရည် သုံးဖို့ အကောင်းဆုံး ရာသီဖြစ်ပါတယ်။ ရေချိုးအပြီး ခန္ဓာကိုယ်ပေါ်က ရေတွေကုန်စင်အောင် ပုဝါနဲ့ ညင်ညင်သာသာသုတ်ပြီးတဲ့အခါမှာ အစိုဓါတ်ထိန်းဆေးရည်ကို ချက်ချင်းလိမ်းပေးသင့်ပါတယ်။ အကောင်းဆုံးက အရေပြားပေါ်က ဆဲလ်အသေတွေ၊ ခြောက်သွေ့နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး တစ်ချိန်တည်းမှာ အစိုဓါတ်ကိုပါ ပေးစွမ်းနိုင်တဲ့ပစ္စည်းမျိုးကို သုံးသင့်ပါတယ်။ ရှားစောင်းလက်ပက်နဲ့ သံလွင်ဆီဟာ သဘာဝ အစိုဓါတ်ထိန်းအရည်ပဲ ဖြစ်ပါတယ်။

() ရေနွေးနဲ့ မြန်မြန်ရေချိုးပါ။

          ရေချိုးရင်အချိန်ကြာတာ ဒါမှမဟုတ် ရေနွေးနဲ့ စိမ်ပြေနပြေအချိန်ကြာကြာ ရေချိုးတာက အရေပြားပေါ်က အစိုဓါတ်နဲ့ သဘာဝအဆီဓါတ်ကို ဆေးကြောလိုက်သလိုဖြစ်ပြီး နောက်ဆုံးမှာ ခြောက်သွေ့နေတဲ့ အသားအရေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးတာကို ၁၅ မိနစ်နဲ့ အောက်ပဲ ကြာပါစေ။ ရေနွေးနွေးလေးပဲ သုံးပါ။ အရမ်းပူတဲ့ ရေပူကို ရှောင်ပါ။

() ဆပ်ပြာကြမ်းကြမ်းရှောင်ပါ။

          ချွေးထိန်း Roll-on တွေနဲ့ ပိုးသတ်ဆေးဆပ်ပြာတွေက အရေပြားအပေါ် ကြမ်းတမ်းတဲ့အာနိသင်တွေ သက်ရောက်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ ပိုးသတ်ဆေးဆပ်ပြာတွေက အရေပြားပေါ်က သဘာဝအဆီဓါတ်နဲ့ အစိုဓါတ်ကိုပါ ပျက်စီးစေတတ်ပါတဲ့အတွက် ဒီဆပ်ပြာတွေအစား နူးညံ့ပြီး မွှေးရနံ့ပေါင်းထည့်ထားခြင်းမရှိတဲ့ ဆပ်ပြာတွေကို သုံးသင့်ပါတယ်။

() ရေနွေးငွေ့ပေးစက် သုံးပါ။

          ခြောက်သွေ့ပြီး စိုထိုင်းစနည်းနေတဲ့အိမ်တွင်း လေထုပတ်ဝန်းကျင်ကို စိုပြေအောင်လုပ်ပေးနိုင်တာ ရေနွေးငွေ့ပေးတဲ့ စက်ပါ။ အရေပြားအလှအပကျန်းမာရေး အကျိုးရှိစေဖို့ ရေနွေးငွေ့စက်ကို လေထုစိုထိုင်းစ ၄၅ နဲ့ ၅၅ ရာခိုင်နှုန်းအတွင်း ချိန်ညှိထားမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။

() လက်ဆေးပိုးသန့်ဆေးရည် သတိပြုပါ။

          လက်ဆေးပိုးသန့်ဆေးရည်တွေမှာ အယ်လ်ကိုဟော ပါဝင်မှုများပါတယ်။ ပုံမှန်သုံးနေကျ အယ်လ်ကိုဟောပါဝင်နှုန်းက အစိုဓါတ်ကို ခြောက်ခမ်းစေပြီး လက်အရေပြားကို ခြောက်သွေ့လို့ အသားပက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက Hand sanitizer တွေမှာ အစိုဓါတ်ထိန်း Moisturizer ပါဝင်တဲ့ ဆေးရည်ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

() ခြေဝါးတွေကို ပျော့ပြောင်းပါစေ။

          ခြေဖုဝါးမှာ အစိုဓါတ်ရှိစေပြီး ခြေဖုဝါးပျော့ပြောင်းနေခြင်းက ဆောင်းရာသီမှာ ခြေဖုဝါးကွဲတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခြောက်သွေ့တဲ့အရေပြားပိုင်ရှင်ဆိုရင် လိမ်းဆေးထူထူလိမ်းပေးရပါမယ်။ သဘာဝနည်းလမ်းနဲ့ဆိုရင် သံလွင်ဆီ၊ ရှားစောင်းလက်ပတ်လိမ်းပေးနိုင်ပါတယ်။ အလှကုန်ပစ္စည်းအနေနဲ့ ခြေဖုနောင့်အသားကို ထိန်းသိမ်းဖို့ Vaseline petroleum gel ဆိုတဲ့ပစ္စည်း သုံးပေးနိုင်ပါတယ်။

() အနံ့အသက်မပါ၊ ဆိုးဆေးမပါတဲ့ အလှကုန်ပစ္စည်းကိုသုံးပါ။

          အနံ့အသက်မပါတဲ့ အလှကုန်၊ ဆိုးဆေးမပါတဲ့ အလှကုန်ပစ္စည်းတွေကိုသာ သုံးပါ။ မွှေးရနံ့နဲ့ ဆိုးဆေးဆိုတာ လူကပြုလုပ်ထားတဲ့ ဓါတုပစ္စည်းတွေဖြစ်နေတတ်ပြီး အရေပြားမှာ ဓါတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။

(၁၀) နူးညံ့တဲ့အဝတ်အစားကို ဝတ်ဆင်ပါ။

          ကြမ်းတမ်းတဲ့ ဒါမှမဟုတ် မာကျောတဲ့ အဝတ်အစားတွေ၊ ချည်ထည်မဟုတ်ဘဲ သားမွှေးကြမ်း ဒါမှမဟုတ် Polyester နဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေက အသားအရေကို ပွတ်တိုက်ပြီး ကြမ်းတမ်းလာစေပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ ချည်ထည်တွေကိုသာ ဝတ်ဆင်ပါ။ အထူးသဖြင့် အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မယ့် အဝတ်အစားဆိုရင် ချည်ထည်စစ်စစ်ကိုသာ ဝတ်ဆင်သင့်ပါတယ်။

Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18