ဝိတ်ကျအောင် ဘယ်လိုနမ်းကြမလဲ
21-Oct-2018
နမ်းရှုံ့ခြင်းဆိုတဲ့ ဘိုဆန်ဆန်ပြောရင် Kissing ဆွဲခြင်းဟာ ချစ်သူတိုင်း ဖြတ်သန်းလေ့ရှိတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် အခိုက်အတန့်လေးပေါ့။ ဒီလို နမ်းရှုံ့ခြင်းဟာ အခြားအကျိုးတွေလည်း ရှိတယ်ဆိုတာတော့ သင်မထင်ထားမိဘူးမဟုတ်လား?
နမ်းရှုံ့ခြင်းဟာ နှုတ်ခမ်းပတ်လည်မှာရှိတဲ့ ကြွက်သားတွေကို အသုံးပြုရပါတယ်။ ချစ်သူကို အမြတ်တနိုးနမ်းတဲ့အခါ မျက်နှာကြွက်သား ၃၄ ခုတောင် အလုပ်လုပ်ပါတယ်တဲ့။ ဒီလောက်ကြွက်သားတွေ အများကြီးအလုပ်လုပ်တော့ စွမ်းအင်သုံးစွဲဖို့ ကယ်လ်လိုရီတွေ လောင်ကျွမ်းတာလည်း မဆန်းဘူးလေနော့။
ဒါ့အပြင်ကိုမှ နမ်းဖို့ လေကို ရှုရှိုက်လိုက်တာကလည်း အသက်ရှုလေ့ကျင့်ခန်းလုပ်လိုက်သလိုပါပဲတဲ့။ ဒီမှာလည်းတစ်ခါ ကယ်လ်လိုရီတွေ လောင်ကျွမ်းပြန်ရော။ေ လ့လာချက်တွေအရ တစ်မိနစ် နမ်းရင်ကယ်လ်လိုရီ 6.4 ကယ်လ်လိုရီလောင်ကျွမ်းတယ်ဆိုတော့ကာ အကြာကြီး နမ်းရင် ကယ်လ်လိုရီ အများကြီးကုန်ခမ်းမှာ အသေချာပဲပေါ့။
ကိုယ့်ချစ်သူ 'ဝ' နေလို့များ စိတ်ညစ်နေမယ်ဆိုရင် ဒီဆောင်းပါးလေးပေးဖတ်ပြီး အားပေးလိုက်ပါဦး။ ဒါတင်ပဲ မဟုတ်ပါဘူး။ နမ်းရှုံ့တဲ့အခါ ခန္တာကိုယ်က Dopamine, Serotonin စတဲ့ ဟော်မုန်းတွေထွက်လာပြီး ခံစားနေရတဲ့ စိတ်ဖိစီးမှု တွေကိုလည်း သက်သာစေပါတယ်တဲ့။ နမ်းရှုံ့ခြင်းဟာ သဘာဝကပေးတဲ့ အနာသက်သာဆေးပါတဲ့။ ခေါင်းကိုက်နေလား? ဆေးသောက်ဖို့ မေ့ထားပြီး နမ်းရှုံ့ခြင်းနဲ့ကြိုးစားကြည့်ပါလို့။
မယ်တင်(ဆေး
၁)
ဒေါက်တာဇီဝက
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

