Print

ဆံသားကို အာဟာရဓာတ်ပေးနိုင်တဲ့ အစာများ

  01-Mar-2017
Preview Image

၁။ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ဗီတာမင်အေနဲ့စီ သံဓာတ်နဲ့ကယ်လ်စီယမ်ဓာတ်တို့ ပါဝင်တဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာဆိုရင် ဆံပင်သားအစိုဓာတ်ရရှိဖို့အတွက် အာဟာရဓာတ်တွေ ပါရှိနေပါတယ်။

 

၂။ ပဲသီးတောင့်တွေ

ပဲသီးတောင့်တွေမှာ သံဓာတ်၊ ဇင့်နဲ့ ဘိုင်အိုတင်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ ဆံပင်သားကျိုးပြတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ပတ်ကို သုံးကြိမ်လောက် စားသုံးပေးပါ။

 

၃။ အစေ့များနဲ့ အဆံများ

ဆံပင်သားကို ထူထဲစေချင်ရင်တော့ အစေ့အဆံတွေကို များများစားသုံးပေးရပါမယ်။ ဇင့်ဓာတ် ချို့တဲ့ရင် ဆံပင်သားကို အရောင်မှိန်စေတဲ့အတွက် အဆိုပါဓာတ် ပါဝင်တဲ့ မြေပဲလို အဆံတွေကို စားသုံးပေးပါ။

 

၄။ ကြက်သား

ကြက်သားမှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာဆိုရင် ဆံပင်သား ရှင်သန်ဖို့အတွက် အထောက်အကူပြုစေပါတယ်။ ပရိုတင်းဓာတ် ချို့တဲ့ရင် ဆံပင်ကျွတ်တာ၊ ကျိုးကြေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ 

 

၅။ ဥများ

ဘိုင်အိုတင်နဲ့ ဗီတာမင် B12 တို့ ပါဝင်တဲ့ ဥများ (ဥပမာ - ကြက်ဥ) ဟာ ဆံပင်သားကိုနက်မှောင်သန်စွမ်းစေပါတယ်။

 

၆။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းများ

ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီလိုဓာတ်တွေဟာ ဆံပင်သား ကောင်းမွန်ဖို့အတွက် မရှိရင် မဖြစ်ပါဘူး။

 

၇။ မုန်လာဥဝါ

ဗီတာမင်အေပါဝင်တဲ့ မုန်လာဥဝါမှာဆိုရင် ဦးရေပြား ကောင်းမွန်ဖို့အတွက် အာဟာရဖြစ်စေပါတယ်။ ဒီ့အတွက် မဖြစ်မနေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
UK 
Arogyam magazine, August 2016, Pg. 125

 



Related Articles


Advertisment 18