Print

ဆံကေသာ အရှည်မြန်စေပြီး ကျန်းမာသန်စွမ်းစေခြင်း

  01-Mar-2017
Preview Image

 

၁။ တစ်နေ့လျှင် အနည်းဆုံး ၈ နာရီ အိပ်ချိန်ရှိပါစေ။


၂။ ရေစိုနေစဉ် ဆံပင်ကိုဖြီးခြင်း၊ ခပ်ကြမ်းကြမ်း ဆံပင်ကို တဘက်ဖြင့် သုတ်ခြင်းမျိုး မလုပ်ပါနှင့်။


၃။ ရေများများ သောက်ပါ။ သင်မည်သည့်နေရာ သွားသွား ရေပုလင်းတစ်လုံး ယူသွားပြီး ရေဆာတိုင်း သောက်ပေးပါ။


၄။ နေ့စဉ် ခေါင်းလျှော်ခြင်းမျိုး မလုပ်ပါနှင့်။ ခေါင်းလျှော်ပြီးလျှင် conditioner ကို အမြဲသုံးပေးပါ။


၅။ ရေပူဖြင့် ခေါင်းမလျှော်ပါနှင့်။ ဖြစ်နိုင်လျှင် ခေါင်းလျှော်ရည် ရေအေးကိုသာ အသုံးပြုပါ။


၆။ SPF ပါဝင်သော ဆံပင်ထိန်းသိမ်းသည့် အဆီများကို လိမ်းပြီးမှ နေပူထဲသို့ သွားပါ။


၇။ ဆံပင်ကို ဖိအားဖြစ်စေမည့် ဆံပင်ပုံစံထားခြင်း၊ ဆံပင်ကို တင်းကြပ်စွာ စီးနှောင်ထားခြင်းနှင့် ရစ်ခွေပြီး လိမ်းထားခြင်းမျိုး မလုပ်ပါနှင့်။ အရည်အသွေး ကောင်းမွန်သော ဆံပင်အလှ ဆင်ယင်သည့် ပစ္စည်းများကိုသာ အသုံးပြုပါ။


၈။ ဆရာဝန်များ၏ အကြံပေးချက်ဖြင့် Vitamin များ ပါဝင်သော ဆေးဝါးများကို သောက်သုံးပေးခြင်းက ဆံကေသာ ရှည်လျားမှုကို ပို၍ လျင်မြန်စေပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, January 2014, Pg. 53



Related Articles


Advertisment 18