Print

ထာဝရအလှပိုင်ရှင် သို့မဟုတ် သခွားသီး

  25-Feb-2017
Preview Image

သခွားသီးဟာ အသားအရေလှစေတယ်၊ အသားအရေစိုပြည်စေတယ်ဆိုတာ ပျိုမေအများစု သိထားပြီးသားပါ။ ကိုရီးယားကားတွေထဲမှာ ဆိုလဲအသားအရေစောင့်ရှောက်မှု အနေနဲ့ သခွားသီးကပ်တာဟာ မြင်ဖူးနေကျပါ။ ဒါပေမယ့် သခွားသီးကို အလှအပအတွက် စွဲစွဲမြဲမြဲ သုံးတဲ့သူတွေက နည်းပါတယ်။ သိပြီးသား သာမန် အကြောင်း အရာတစ်ခု အနေနဲ့ အမှုမဲ့ အမှတ်မဲ့ပဲ နေမိကြတယ်။ 

 

သခွားသီးပုံမှန်ကပ်ခြင်းကြောင့် ရရှိတဲ့ အံ့မခန်း အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။

 

• သခွားသီးကို ညအိပ်ရာဝင်ချိန် မျက်လုံးပေါ်ကပ်ပေးရင် မျက်ကွင်းညိုတာ၊ မျက်လုံးဖောင်းအစ်တာတွေကို သက်သာစေပါတယ်။ မျက်လုံးတဝိုက်ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေပါတယ်။ မျက်လုံးအေးအေးလေး နဲ့ နှစ်နှစ်ခြိုက်အိပ်ပျော်စေပါတယ်။

 

• သခွားသီးဟာ မျက်နှာပေါ်ရှိတဲ့ အမဲစက်တွေ၊ နေလောင်ဒဏ်ရာတွေကို အချိန်တိုအတွင်း သက်သာစေပါတယ်။

 

• သခွားသီးဟာ ဗီတာမင် စီ များစွာပါပြီး အရည်ရွှမ်းတာမို့ မျက်နှာကို ရေဓာတ်လျင်မြန် စွာ ဖြည့်ပေးပြီး မျက်နှာအသားအရေကို တင်းရင်းစေပါတယ်။ သခွားသီးပုံမှန်ကပ်တဲ့ သူတွေဆို မျက်နှာလေးတင်းရင်းပြီး ချွေးပေါက်တွေမရှိတာ လက်တွေ့ပါ။

 

• သခွားသီးအရည်ကို သံပရာရည် နည်းနည်းရောပြီး မျက်နှာကို လိမ်းပေးတာကတော့ အကောင်းဆုံး သဘာဝ အသားဖြူနည်းတစ်ခုပါ။ 

 

• မျက်နှာသစ်ဆေး၊ မျက်နှာပေါင်းတင်ခရမ်တွေက အခန့်မသင့်ရင် အသားအရေကို ထိခိုက်စေပါတယ်။ ဒါကြောင့် သခွားသီးလေးတစ်လုံးနဲ့ သဘာဝအလှကို ဖန်တီးနိုင် ကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Lei ( Healthcare.com.mm)
Ref; Visual.ly

 



Related Articles


Advertisment 18