နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေမည့် နည်းလမ်းများ
21-Jul-2026
အိပ်ချိန်မလုံလောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မဲ့ နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်။
(၁) အိပ်ချိန်၊ထချိန်ကို ပုံမှန်ထားပါ
(၂) ဖုန်း ၊ ကွန်ပျူတာ များအသုံးပြုခြင်းကို မအိပ်ခင်အနည်းဆုံး တစ်နာရီခန့်အလိုမှစ၍ ရှောင်ကြဥ်ပါ
(၃) အိပ်ခန်းအတွင်း မီးပိတ်ထားခြင်း (သို့) ညမီးမှိန်မှိန်ထွန်းထားခြင်း ၊ တိတ်ဆိတ်ငြိမ်သက်သောနေရာတွင် အိပ်စက်ပါ
(၄) အိပ်ချိန်နီးတွင် ပမာဏအများအပြားစားသောက်ခြင်း၊ caffeine ဓာတ်ပါသောအစားအသောက်များ (ကော်ဖီ၊လက်ဖက်ရည်) သောက်ခြင်း၊ အရက်သောက်ခြင်းများကိုရှောင်ကြဥ်ပါ
(၅) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ ။ သို့သော် အိပ်ခါနီးတွင် ပြင်းထန်သောလေ့ကျင့်ခန်းများမပြုလုပ်ရပါ
(၆) တရားထိုင်ခြင်း ၊ စိတ်အေးချမ်းစေသောဂီတသံစဥ်များနားထောင်ခြင်းများပြုလုပ်ပေးပါ
(၇) စိတ်ဖိစီးမှုကို လျော့ချပါ
7887 Healthcare
#sleephygiene
#seveneighteightseven
#7887healthcare

