Print

ဦးရေပြား ဗောက်ထခြင်းအတွက် အိမ်တွင်းကုထုံးများ

  30-Jun-2026
Preview Image

ဦးရေပြား ဗောက်ထခြင်းအတွက် အိမ်တွင်းကုထုံးများ

+++++++++++++++++++++++++++++

ဗောက်ထတာဟာ ဦးရေပြားက အရေပြားဆဲလ်အသေတွေ အဖတ်ဖတ်လိုက် ကွာကျတာမျိုးပါ။ ဒါဟာ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်ပေမဲ့ ယားယံပြီး စိတ်အနှောင့်အယှက် ဖြစ်ရတာတော့ အမှန်ပါပဲ။


ဗောက်ပျောက်စေမယ့် အိမ်တွင်းကုထုံးများ

++++++++++++++++++++++++++

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေအပြင် အခြားအထောက်အကူပြုနိုင်မယ့် နည်းလမ်းအချို့ရှိပါတယ်။ အောက်ပါ သဘာဝကုထုံးလေးတွေကို စမ်းသုံးကြည့်နိုင်ပါတယ်။ ဒီအရာတွေဟာ ဦးရေပြားကို စိုစွတ်မှုပေးနိုင်သလို ဘက်တီးရီးယားနဲ့ မှိုပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းမှ ၅ ဇွန်းခန့်ကို ဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ ပြီးနောက် တစ်နာရီခန့် စောင့်ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ အုန်းဆီမှာ မှိုပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိ ပါဝင်ပြီး အရေပြားကိုလည်း စိုစွတ်မှု ပေးစွမ်းနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ခေါင်းမလျှော်မီ ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်တွင် အနည်းငယ်ပွတ်လိမ်းပေးပါ။ ရှားစောင်းလက်ပတ်သည် ဦးရေပြားဗောက်ထတာကို ကုသရာတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။

ပန်းသီးရှာလကာရည် (Apple cider vinegar)

ပန်းသီးရှာလကာရည် လေးပုံတစ်ပုံကို ရေ လေးပုံတစ်ပုံနှင့် ရောစပ်ပြီးနောက် ဦးရေပြားပေါ်သို့ လောင်းထည့်ပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် ထားရှိပြီးမှ ဦးရေပြားကို ရေစင်စင်ဆေးကြောပါ။

သံပုရာရည် / ရှောက်သီးရည်

သံပုရာရည် ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဦးရေပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာ ထားပြီးမှ ရေဆေးချပါ။ ထို့နောက် သံပုရာရည် နောက်ထပ် ၁ ဇွန်းကို ရေ ၁ ဖန်ခွက်နဲ့ ရောစပ်ပြီး ဦးရေပြားပေါ် လောင်းချပေးပါ။ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေမှာပါတဲ့ အက်စစ်ဓာတ်ဟာ ဦးရေပြားရဲ့ pH Level ကို ကျန်းမာမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီ အစက်အနည်းငယ်ကို ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး ဆံပင်ကို ရေချိုးဦးထုပ်နဲ့ အုပ်ကာ တစ်ညသိပ် အိပ်လိုက်ပါ။ မနက်မိုးလင်းရင်တော့ ခေါင်းလျှော်ရည်နဲ့ ဆေးချလိုက်ပါ။ သံလွင်ဆီဟာ အစိုဓာတ်ထိန်းခရမ် (Moisturizer) လိုမျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။


7887 Healthcare


#DIY

#seveneighteightseven

#7887healthcare

#7887CallCenter 



Related Articles


Advertisment 18