Print

ဆံပင်ကျွတ်ခြင်းကို သက်သာစေရန်

  28-Nov-2025
Preview Image

• ဆံကေသာကျန်းမာရေးကို ကောင်းမွန်စေသော အစားအစာများကို စားသုံးပါ။

-ငါး၊ အဆီထုတ်ထားသောအသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အဆီမပါသောနွားနိုတိုကိုစားသုံးပါ။

• ရေဓာတ်ကိုဖြည့်တင်းပါ။

-တစ်နေ့လျှင် အနည်းဆုံး ရေဖန်ခွက် ၆-၈ခွက်အထိသောက်ပါ။

ဆံသားကိုကြမ်းတမ်းစွာ ကိုင်တွယ်ခြင်းမပြုပါနှင့်။

-ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းခြင်း

-ဆံသားကို ကြမ်းကြမ်းတမ်းတမ်း ဖြီးခြင်း

-မကြာခဏ ဆံပင်ဖြောင့်၊ ကောက်ခြင်း၊ hair dryer မှုတ်ခြင်းတိုကို ရှောင်ကြဉ်ပါ။

• ဦးရေပြားကို သဘာဝဆီဖြင့်လိမ်း၍ လက်ချောင်းထိပ်လေးများဖြင့် (လက်သည်းမပါ)နှိပ်နယ်ပေးပါ။

• စိတ်ဖိစီးမှုကို  လျှော့ချပါ။

-အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း (သို) ယောဂကျင့်ခြင်း

• ဟော်မုန်းနှင့် အခြားသောကျန်းမာရေးဆိုင်ရာအခြေအနေများကို ဆန်းစစ်ပါ။

(လည်ပင်းသိုင်းရွိက်ရောဂါ၊ သံဓာတ်ချိုတဲ့ခြင်း၊ သားဥအိမ်ရေအိတ်တည်ခြင်း၊ ဗီတာမင် ဒီချိုတဲ့ခြင်း၊ သွေးဆုံးကိုင်ခြင်း (သို) ကလေးမွေးဖွားပြီးကာလဖြစ်ခြင်း၊ စွဲသောက်ရသော ဆေးဝါးများ)

• ကျန်းမာသော ကိုယ်အလေးချိန်ဖြစ်‌အောင် ထိန်းသိမ်းပါ။

• ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

• နေပြင်းသည့်အချိန်တွင် အပြင်ထွက်ပါက ဦးထုပ်ဆောင်းခြင်း၊ ပုဝါဝတ်ဆင်ခြင်းတို ပြုလုပ်ပါ။

• ကလိုရင်းခပ်ထားသော ရေကူးကန်ထဲတွင် ရေကူးပြီးပါက ဆံပင်ကိုပြန်လည်သန့်စင်ဆေးကြောပါ။

• ဗီတာမင် D, Biotin, သံဓာတ်နှင့် ဇင့်ပါဝင်သော အားဆေးများကို သောက်သုံးပါ။

• အထက်ပါအချက်များနှင့် သက်သာခြင်းမရှိပါက ဆရာဝန် (သို) ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်၍ အောက်ပါနည်းလမ်းများဖြင့်ကုသမှုခံယူနိုင်ပါသည်။

-ဆံပင်ပေါက်ဆေးအသုံးပြုခြင်း

-ထိပ်ပြောင်သူများတွင် ဆံပင်စိုက်ခြင်း

-သွေးရည်ကြည်ကုထုံးခံယူခြင်း (Platelet-rich plasma (PRP) therapy)

Dr. Hazel

Ref: Cleveland clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18