Print

အချို့အလှပြင်ဆိုင်တွေကြောင့် သင့်အလှကို မထိခိုက်စေရန်

  30-Oct-2016
Preview Image

အချို့အလှပြင်ဆိုင်တွေကြောင့် သင့်အလှကို မထိခိုက်စေရန်

သတိထားသင့်သည်များ

• အလှပြင်ဆင်ပေးမယ့်သူရဲ့ ကျွမ်းကျင်မှုအနေအထားကို အကဲခတ်ပါ။

• တဘက်နဲ့ ထိုင်ခုံအခင်းတွေ သန့်ရှင်းမှုရှိပါစေ။

• တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ဆိုင်သန့်ရှင်းရေးကို အလေးပေးသောဆိုင် ဖြစ်ပါစေ။

• ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင် မဖြစ်ပါစေနဲ့။

• လူတစ်ယောက်ကို ပြင်ဆင်ပြီးချိန် အသုံးအဆောင် ပစ္စည်းတွေကို သေချာသန့်စင်မှု ရှိပါစေ။

ဖော်ပြပါအချက်တွေက အခြေခံလိုအပ်ချက်တွေပါ။ ဒါတွေ မပြည့်စုံဘူး ဆိုရင်တော့ အောက်ပါပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ရောဂါပိုးဝင်ရောက်ခြင်း

ရေမသန့်တာဖြစ်စေ၊ ဆံသားနဲ့ မျက်နှာတွေကို သုတ်တဲ့တဘက်က မသန့်တာကြောင့်ဖြစ်စေ သင့်အရေပြားမှာ ရောဂါပိုးဝင်ရောက်မှုဖြစ်ပြီး ဝက်ခြံပေါက်တာနဲ့ ဓာတ်မတည့် တာလို ပြဿနာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မသန့်စင်ခြင်းကြောင့် ထိခိုက်မိခြင်း

ခြေသည်း၊ လက်သည်း သန့်စင်မှုကို ပြုလုပ်ပေးတဲ့သူက မျက်နှာအရေပြား ပြုလုပ် အလှပြင်မယ့်သူကို ကိုင်တွယ်မယ်ဆိုရင် လက်ကို အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။

ခြေသည်း၊ လက်သည်းနဲ့ ဆံသားကို ပြုပြင်ရာမှ အသုံးပြုတဲ့ ပစ္စည်းတွေက ဓာတု ပစ္စည်းတွေ အများအပြား ပါဝင်နေတတ်ပြီး မျက်နှာအရေပြားကို ထိတွေ့ရာမှာ ထိခိုက် မိတာမျိုးနဲ့ အရေပြား ပျက်စီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

လက်သည်းပိုးဝင်ခြင်း

လက်သည်း၊ ခြေသည်း သန့်စင်ချိန်မှာ အသုံးပြုတဲ့ ပစ္စည်းတွေ မသန့်ရှင်းတာကြောင့် လက်သည်းပိုးဝင်တာမျိုး ဖြစ်စေနိုင်ပြီး သင့်လက်သည်းအလှကို ထိခိုက်စေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

H Site ၊ လမင်းလေး

Good Health Journal



Related Articles


Advertisment 18