Print

မိုးရာသီတွင် ဓာတ်လိုက်ခံရခြင်းမှ ကင်း‌ဝေးစေရန်

  30-Jun-2026
Preview Image

မိုးရာသီတွင် ဓာတ်လိုက်ခံရခြင်းမှ ကင်း‌ဝေးစေရန်

+++++++++++++++++++++++++++

အိမ်ပြင်ပတွင်ရှိပါက

• ပြတ်ကျနေသော ဓာတ်ကြိုးများကို ဝေးဝေးကရှောင်ပါ

• ရေလျှံနေသော လမ်းများကို မဖြတ်ပါနှင့်

• ဓာတ်တိုင်နှင့် သစ်ပင်များကို မထိပါနှင့်

နေအိမ်အတွင်းရှိပါက

• ခြေလက် ရေစိုနေစဉ် လျှပ်စစ်ပစ္စည်းများကို လုံးဝ မထိတွေ့ပါနှင့်။

• မိုးကြိုးပစ်ချိန်တွင် ပလပ်များဖြုတ်ထားပါ။

• ကြိုးများနှင့် ခလုတ်များကို စစ်ဆေးပါ။

• ရေနှင့် လျှပ်စစ်ပစ္စည်းများကို ခွာထားပါ။

အရေးကြီးသော အကာအကွယ်ပစ္စည်းများ တပ်ဆင်ပါ

• မီးဖိုချောင်၊ ရေချိုးခန်းနှင့် အိမ်အပြင်ဘက်ကဲ့သို့ ရေစိုစွတ်နိုင်သော နေရာများရှိ ပလပ်ပေါက်များတွင် Ground Fault Circuit Interrupters (GFCIs) သို့မဟုတ် Residual Current Circuit Breakers (RCCBs) ခေါ် မီးယိုစီးမှုဖြတ်တောက်ပေးသည့် စနစ်များကို တပ်ဆင်ပါ။ ၎င်းတို့သည် သေးငယ်သော လျှပ်စစ်ယိုစိမ့်မှုကိုပင် စက္ကန့်ပိုင်းအတွင်း သိရှိပြီး အလိုအလျောက် မီးဖြတ်ပေးသဖြင့် အသက်ဘေးမှ ကာကွယ်ပေးနိုင်ပါတယ်။

• Earth ကြိုး စနစ်တကျချပါ: အိမ်တွင်းလျှပ်စစ်စနစ်တွင် Ground Wire စနစ်တကျ ရှိမရှိနှင့် မြေပြင်ခုခံမှု (Earth Resistance) လုံလောက်မှု ရှိမရှိကို ကျွမ်းကျင်လျှပ်စစ်ပညာရှင်နှင့် စစ်ဆေးပါ။

• Surge Protectors သုံးပါ: လျှပ်စစ်ပစ္စည်းအားလုံးကို ပလပ်ဖြုတ်ထားဖို့ မလွယ်ကူပါက မိုးကြိုးလျှပ်စစ်လှိုင်းဒဏ်မှ ကာကွယ်ပေးနိုင်သည့် မီးအားထိန်းစနစ် သို့မဟုတ် Surge Protectors များကို ခံ၍ အသုံးပြုပါ။

Dr. Hazel

Ref: insulatingmats.com




#HT_Info

#seveneighteig



Related Articles


Advertisment 18