မိတ်ထွက်ခြင်း
25-Feb-2017
မိတ်ထွက်ခြင်း
ပူအိုက်ပြီး စိုစွတ်တဲ့ အခြေအနေမျိုးမှာ ချွေးအများအပြား ထွက်ပါတယ်။ ဒါကလည်း ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးဖို့ပါ။ ချွေးထွက်များစေဖို့ ချွေးအိတ်တွေ အလုပ်ပို လုပ်ရပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ချွေးအိတ်ရဲ့ ချွေးပြွန်တွေ ရောင်ရမ်းပိတ်ဆို့ပြီး ချွေးက အရေပြားမျက်နှာပြင်ပေါ်ကို မရောက်တော့ဘဲ အရေပြားထဲကို ပြန်စိမ့်ဝင်ပါတယ်။ အဲဒီအခါ အရေပြားရောင်ရမ်းမှု ဖြစ်စေပြီး မိတ်ထွက်စေပါတယ်။
ခန္ဓာကိုယ်အရေပြား နေရာအနှံ့မှာ ယားတဲ့အနီအဖုငယ်တွေ ရက်အနည်းငယ် အတွင်း ရုတ်တရက်ထွက်လာတတ်ပါတယ်။ ယားတာအပြင် ပူစပ်ပူလောင်လည်း ဖြစ်ပါတယ်။ ကုတ်မိတဲ့အခါ ပိုးဝင်ပြီး ပြည်ဖုတွေထွက်တာ၊ ရောင်ရမ်းမှု ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။
ကလေးငယ်တွေနဲ့ ဝတဲ့သူတွေမှာ အဖြစ်များတယ်။ လှောင်ပိတ်တဲ့နေရာ၊ ခန္ဓာကိုယ်၊ ဝမ်းဗိုက်၊ ကျော၊ ပေါင် စတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ ကုသမှုမှာ အရေးကြီးတာကအရေပြားကိုအေးပြီး ခြောက်သွေ့အောင်ထားဖို့ ဖြစ်ပါတယ်။ ရေအေးအေးနဲ့ ချိုးတာ၊ ပန်ကာ၊ အဲကွန်းနဲ့နေတာ၊ ပွပွချောင်ချောင်ချည်သားတွေ ဝတ်ဆင်တာ၊ ပေါင်ဒါ၊ မယ်ဇင်ကယ်၊ သနပ်ခါးရေကျဲ လိမ်းတာမျိုးတွေနဲ့ သက်သာလေ့ရှိပါတယ်။ လိုအပ်ရင် အယားပျောက်
ဆေးသောက်နိုင်ပါတယ်။ ကလေးငယ်တွေ မိတ်ထွက်တဲ့အချိန်မှာ ဆပ်ပြာမသုံးတာ ဒါမှမဟုတ် ဆပ်ပြာပျော့ပျော့ကိုသာ သုံးသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာစိုးဝင်းဦး
Ziwaka magazine, January 2014, Pg. 65
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

