Print

မျက်စိနာခြင်း

  25-Jun-2026
Preview Image

မျက်စိနာခြင်း

++++++++++

မျက်စိနာခြင်းဟာ လူတော်တော်များများဖြစ်ဖူး၊ ခံစားဖူးကြပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်းတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်(စ)၊ မှို၊ ကပ်ပါးပိုး စတာတွေကြောင့်ဖြစ်ပါတယ်။


မျက်စိဆရာဝန်နဲ့ချက်ချင်းပြရမယ့်အခြေအနေတွေကတော့ - အမြင်အာရုံဝေဝါးတာ၊ အပြင်းအထန်ရောင်ရမ်းနာကျင်တာ၊ ခေါင်းကိုက်၊ ပျို့အန်၊ ဖျားနာခြင်းတွေပါဖြစ်တာ၊ မျက်ကပ်မှန်တပ်သူဖြစ်တာ စတာတွေဖြစ်ပါတယ်။


ဆရာဝန်နဲ့မပြရသေးမီ ပြုလုပ်ရမယ့်အရာတွေကတော့ - မျက်ကပ်မှန်တပ်ပါက ချက်ချင်းချွတ်ပါ။ မျက်စိကိုမသန့်ရှင်းသောလက်ဖြင့်ကိုင်ခြင်း၊ ပွတ်ခြင်းမလုပ်ရပါ။ သန့်ရှင်းသောရေဖြင့် မျက်စိကိုဆေးကြောပါ (သို့) ရေအေးဝတ်တင်ပါ။ တာရှည်ခံဆေးမပါဝင်သောမျက်ရည်တုမျက်စဥ်းကိုသုံးနိုင်ပါတယ်။


မျက်စိနာခြင်း ကင်းဝေးကြပါစေ။

Dr.SSH


#Eyeflu

#Conjunctivitis

#healthinformation

#seveneighteightseven

#7887healthcare

#7887callcenter 



Related Articles


Advertisment 18