ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာ (Asthma Triggers) များ
12-Dec-2025
ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာ (Asthma Triggers) များ
ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာများဆိုသည်မှာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ဖြစ်စေသော သို့မဟုတ် ပိုမိုဆိုးရွားစေသော အရာများကိုခေါ်ပါသည်။ ထိုအရာများမှာ တိကျသော အရာတစ်ခုတည်းဖြစ်နိုင်သလို သို့မဟုတ် အကြောင်းအရာများစွာလည်း ရှိနိုင်ပါသည်။
အဖြစ်များသော အရာများမှာ-
• ဓာတ်မတည့်ခြင်းများ : ဝတ်မှုန်၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန်အမွေးများ၊ လေထဲတွင်ရှိသော အခြားဓာတ်မတည့်စေသည့် အရာများ
• အေးသောလေ : အထူးသဖြင့် ဆောင်းရာသီတွင်ပိုဖြစ်နိုင်ပါသည်
• ကိုယ်လက်လှုပ်ရှားမှု : ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားများ
• မှို : ဓာတ်မတည့်မှုမရှိသည့်တိုင်အောင် ရင်ကြပ်ကိုပိုဆိုးစေနိုင်ပါသည်
• လုပ်ငန်းခွင်အတွင်းထိတွေ့မှုများ : သစ်သားမှုန့်၊ ဂျုံမှုန့်၊ ကော်များ၊ ရာဘာ (latex)၊ ဆောက်လုပ်ရေးပစ္စည်းများ
• အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ : အအေးမိခြင်း၊ တုပ်ကွေးနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုများ
• မီးခိုးငွေ့ : ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါးသောက်သော ဆေးလိပ်ငွေ့ ၊ အရာဝတ္ထုများပေါ်ကပ်ပါနေသော ဆေးလိပ်အငွေ့အကြွင်းအကျန်များ
• စိတ်ဖိစီးမှု (Stress) : ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ
• ပြင်းအားများသော ဓာတုပစ္စည်းများ သို့မဟုတ် အနံ့များ : ရေမွှေးများ၊ လက်သည်းနီ၊ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ၊ လေထုသန့်စင်ဆေးများ
• လေထဲရှိ အဆိပ်အတောက်များ : စက်ရုံထုတ် စွန့်ပစ်ပစ္စည်းများ၊ ကားမီးခိုးငွေ့များ၊ တောမီးခိုးငွေ့များ
7887 Healthcare
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

