ကိုယ်၀န်ဆောင်နှင့် ၀မ်းချုပ်ခြင်း
23-May-2025
ကိုယ်၀န်ဆောင်နှင့် ၀မ်းချုပ်ခြင်း
၀မ်းချုပ်ခြင်းဟာ ကိုယ်၀န်ဆောင်ချိန်မှာ အမျိုးသမီး တော်တော်များများကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲများကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်အတွက်
(၁) အမျှင်ဓာတ်များသော အစားအစာများကိုစားသုံးပေးပါ။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးနိုင်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
(၃) ရေများများသောက်ပါ။
(၄) သံဓာတ်အားဆေးများဟာလည်း ၀မ်းချုပ်စေနိုင်ပါသည်။ ထို့ကြောင့်၀မ်းအရမ်းချုပ်လျှင် ဆေးပြောင်းလဲသောက်ရန်လိုအပ်နိုင်သလားဆိုတာ ဆရာ၀န်နဲ့တိုင်ပင်ရပါမယ်။
7887 Healthcare

