Print

အမျိုးသမီးတိုင်းမှာ ရှိသင့်တဲ့ အဝတ်အစား (၇) မျိုး

  10-Nov-2021
Preview Image

လူဆိုတာ အပြောင်းအလဲလေးတော့ လိုအပ်တာပေါ့။ မိန်းကလေးဆန်ဆန် ဖက်ရှင်မျိုးကြီးပဲ ဝတ်နေတတ်သူက တီရှပ်၊ ဂျင်းဘောင်းဘီလေးဝတ်ကြည့်လိုက်တော့ အမြင်လည်းဆန်းသလို ကိုယ်လည်း အပြောင်းအလဲလေးဖြစ်သွားရော။ ဒီလိုပါပဲ စိတ်အခြေအနေဆိုတာ ကိုယ်ဝတ်တဲ့ ဖက်ရှင်ပေါ်မှာ မူတည်ပြီးတော့လည်း ပြောင်းလဲနေတတ်တာမို့ မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်းမှာ အနည်းဆုံး ရှိသင့်တဲ့ အဝတ်အစား ဒီဇိုင်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

၁။ အပေါ်ထပ်ဝတ် ဆွယ်တာသား အပါးစား 

ထသွားထလာအတွက် လိုလာတဲ့အခါ၊ ရုပ်ရှင်ရုံသွားတဲ့အခါ၊ မိုးတွင်းချိန်ခါတွေအပြင်၊ ခရီးသွားတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ဆွယ်တာသားခပ်ပါးပါး ခါးရှည်ဒီဇိုင်းလေးတွေကတော့ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်ပေါ့။ 

၂။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် တီရှပ်လေးတွေ 

ထသွားထလာကနေ ပါတီအထိတောင် ဆင်မြန်းနိုင်တဲ့ အမိုက်စား တီရှပ်လေးတွေကလည်း ရှိထားဖို့ လိုအပ်ပါတယ်။

 ၃။ ပွဲတက်ဂါဝန်အတိုလေးများ 

တစ်ခါတစ်လေ ငါက ဘယ်မှသွားတာမဟုတ်ဘူး၊ မလိုပါဘူးလို့ ထင်ပြီး ကိုယ်နဲ့လိုက်မယ်ထင်ထားတဲ့ ပွဲတက်ဝတ်စုံအမိုက်စားလေး ဝယ်မထားလိုက်မိဘူးဆိုပါစို့။တကယ်တော့ အမျိုးသမီးတိုင်းအတွက် ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်ပြီး အရမ်းမဟော့တဲ့ ဝတ်စုံကတော့ ရှိကိုရှိထားရမှာပါ။ 

၄။ skinny ဂျင်း 

နေရာတိုင်းဟာ စကတ်တို၊ ဘောင်းဘီတိုလေးတွေနဲ့ သွားလာဖို့ မသင့်တော်တာတွေ ရှိပါတယ်။ အလုပ်သွားတဲ့အခါဖြစ်ဖြစ်၊ လူကြီးတွေနဲ့ တွေ့ဆုံရမယ့် ပွဲတစ်ခုခုရှိရင်ပဲဖြစ်ဖြစ်၊ ထသွားထလာအတွက်ပါ အဆင်ပြေစေမယ့် ဂျင်းဘောင်းဘီတစ်ထည်ကတော့ ရှိရမှာပေါ့။ သင့်ခန္ဓာကိုယ်က အရမ်းကြီး မဝဘူးဆိုရင်တော့ skinny jean က လူတိုင်းအတွက် အဆင်ပြေစေပါလိမ့်မယ်။ 

၅။ College Sweatshirt ဒါမှမဟုတ် Hoodie 

ရာသီဥတုအပြောင်းအလဲ နည်းနည်းရှိတာနဲ့ ကောက်စွပ်သွားနိုင်မယ့် Hoodie လိုမျိုး၊ ခရီးသွားတဲ့အခါ ထည့်သွားနိုင်တဲ့ Sweatshirt တွေလိုမျိုး လိုရမယ်ရ ဆောင်ထားရမယ့် အရာတွေကိုလည်း မမေ့ထားပါနဲ့။ 

၆။ အသားကပ်ဘောင်းဘီ (သို့) legging 

အမျိုးသမီးတွေအတွက် အသားကပ်ဘောင်းဘီတွေကလည်း မရှိမဖြစ်ပါပဲ။ စကတ်တိုတိုလေးတွေအောက်မှာ ဝတ်နိုင်သလို၊ နောက်ဆုံးလေ့ကျင့်ခန်း လုပ်တဲ့အချိန်ထိပါ အသုံးဝင်တာပါ။ 

၇။ ချည်သားဘောင်းဘီ 

ပေါ့ပါးပြီး လွတ်လပ်မှုရှိတဲ့ ချည်သားဘောင်းဘီတွေကတော့ အိမ်မှာနေရင်းပဲ ဝတ်ဝတ်၊ ခရီးသွားတဲ့အခါပဲ ထည့်သွားပြီး ဝတ်ဝတ် သင့်အတွက် လန်းဆန်းမှုတွေ ယူဆောင် လာပါလိမ့်မယ်။


Credit :Trend Myanmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18