Print

ကျောရိုးတန်းမကြီးဒဏ်ရာ

  04-Oct-2021
Preview Image

ခန္ဓာကိုယ်တွင်ရှိသည့် ကျောရိုးတန်းမကြီး ကျိုးခြင်းဖြစ်ရသည့် အကြောင်းရင်းများ မှာ ကျောဖြင့်အမြင့်မှ လိမ့်ကျခြင်း၊ မော်တော်ယာဉ်မတော်တဆဖြစ်မှုများ၊ လေးလံသော အရာဝတ္ထု ခါးပေါ်သို့ကျခြင်း၊ ဦးခေါင်းနှင့်ကျခြင်းကြောင့် လည်ပင်းရိုးကျိုးခြင်းနှင့် ခါးကို ကော့လိုက်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။

 လက္ခဏာများ

ကျောရိုးကျိုးသည့်နေရာတွင် နာကျင်ခြင်း၊ ခြေလက်များ လှုပ်ရှားမှု မရခြင်းနှင့် ထိမှု၊ သိမှုနှင့် အာရုံစူးစိုက်မှု မရှိတော့ခြင်း စသည်တို့ကို တွေ့ရမည်ဖြစ်ပါသည်။

 

စစ်ဆေးရမည့် အချက်များ

စစ်ဆေးရမည့်အချက်များမှာ သွေးလှည့်ပတ်မှုရှိမရှိ Circulation အာရုံခံစားမှုရှိမရှိ Sensation လှုပ်ရှားနိုင်မှု ရှိမရှိ Movement တို့ကို စစ်ဆေးရမည်ဖြစ်ပါသည်။

 

ပြုစုခြင်း

၁။ ဆေး အကူအညီ ချက်ချင်းရလျှင် လူနာအား မရွေ့စေပဲ နွေးထွေးအောင်ထားပါ။

၂။ သတိလစ်နေသူအား အသက်ရှူလမ်းကြောင်း မပိတ်အောင် သတိပြုပါ။

၃။ ဆေး အကူအညီရသည့်အထိ လူနာအား စောင့်ကြည့်ပါ။

၄။ ဆေးကုသမှု ချက်ချင်းမရလျှင် လူနာခြေကျင်းဝတ်၊ ဒူး၊ ပေါင်ကြားများတွင် ဂွမ်း (သို့) နူးညံ့သော အဝတ်များခံပါ။

၅။ ခြေကျင်းဝတ်ကို အင်္ဂလိပ်ရှစ် ပုံသဏ္ဍာန် ပတ်တီးစည်းပါ။ ဒူး၊ ပေါင်ကွင်းပတ်တီးစည်းပါ။

၆။ လည်ပင်းတွင် ကော်လံကြပ်တပ်ပါ။

၇။ အမာခံသော ထမ်းစင်ဖြင့် ပက်လက်သယ်ယူပါ။

 


Credit:အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18