AIDS ရောဂါကာကွယ်ရန် ကွန်ဒုံးကိုစနစ်တကျ အသုံးပြုနည်း
25-Jul-2020
ကွန်ဒုံးကို စနစ်တကျ အသုံးပြုနည်း
၁။ ရော်ဘာဖြင့် ပြုလုပ်ထားသော ကွန်ဒုံးကိုသာ အသုံးပြုပါ။ ထိုကွန်ဒုံးအမျိုးအစားကသာ
ကာလသားရောဂါ နှင့် AIDS ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါသည်။
၂။ ကွန်ဒုံးကို အေး၍ ခြောက်သွေ့သော နေရာများတွင်သာ ထားပါ။ နေရောင်တိုက်ရိုက်
ထိတွေ့မှုမှ ရှောင်ကြဉ်ပါ။
၃။ ထုပ်ပိုးထားသော စက္ကူ (သို့) ပလပ်စတစ် ပေါက်ပြဲနေသော ကွန်ဒုံးများ၊
အရောင်ပြောင်းနေသော ကွန်ဒုံးများ၊ ရက်လွန်နေသည့် ကွန်ဒုံးများကို အသုံးမပြုသင့်ပါ။
၄။ ကွန်ဒုံးတွင် ဖော်ပြထားသည့် သက်တမ်းကုန်ဆုံးသည့် ရက်ကို သေချာစွာအသုံးပြုပါ။
၅။ ကွန်ဒုံးကို ထုပ်ပိုးထားသည့် စက္ကူ (သို့) ပလတ်စတစ်ကို ဖောက်ရာတွင် အထဲရှိ
ကွန်ဒုံးကို မပျက်စီးစေရန် သတိပြုပါ။
၆။ ကွန်ဒုံးကို လိင်အင်္ဂါချင်း မထိတွေ့မီ စွပ်ထားရပါမည်။
၇။ကွန်ဒုံးထိပ်ကိုကိုင်၍ တောင့်တင်းနေသော လိင်အင်္ဂါအပေါ်တွင်အဆုံးထိစွပ်ရပါမည်။
၈။ ကွန်ဒုံးပေါ်တွင် ချောနေစေရန် အရည်တစ်မျိုးမျိုးကို အသုံးပြုထားပါသည်။
Credit : ဒေါက်တာအောင်စန်း M.B.B.S (Ygn)
မှတ်ချက်။ ။ ဤဆောင်းပါးနှင့် ပတ်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ရုံးချိန်အတွင်း
ဆရာဝန်များ ကိုယ်တိုင် ပြန်လည်ဖြေကြား ပေးနေပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

